Monday, July 1, 2019

ရေးမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်များပြားလာနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ အခုမိုးရာသီကာလ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပြန်လည်များပြားလာနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ငှက်ဖျားရောဂါကူးစက်နိုင်တဲ့ အရပ်ဒေသကနေတဆင့် သွားရောက်လုပ်ကိုင်နေသူ တွေဟာ အများဆုံးရောဂါကူးစက်ခံရသလို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့နယ်မြေဒေသမှာ အများဆုံး ဖြစ်ပွားတာတွေ့ရှိရတယ်လို့ဆိုပါတယ်။



ကျေးလက်ကျန်းမာရေးဌာနက စေတနာဝန်ထမ်း လုပ်သားတွေက ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေကို တိုက်ရိုက်ကုသပေးခဲ့ပြီး အခုမိုးတွင်းမှာ ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၁၆၀ ရှိခဲ့ကာ  သေဆုံးသူတော့ မရှိသေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ငှက်ဖျားရောဂါ ထပ်မံကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် ကူးစက်မှုကို ထိန်းချုပ်ဖို့ အဆိုပါဒေသတွေမှာ တာရှည်ခံ ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။

အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့  နိုင်ငံတကာအဖွဲ့စည်းတွေနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှု မရှိတော့ဘူးလို့ ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။

No comments:

Post a Comment