Monday, July 1, 2019

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ကျပ်သန်း ၂၀၀၀ သုံးစွဲခဲ့ဟု ရန်ကုန်မြို့တော်ဝန်ပြော

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့သည့် ၂၀၁၉ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်တင်မြှောက်ပွဲအတွက် ကျပ် သန်း (၂၀၀၀) သုံးစွဲခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ကျပ်သန်း ၂၀၀၀ သုံးစွဲခဲ့ဟု ရန်ကုန်မြို့တော်ဝန်ပြော
ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁) ရက် က ကျင်းပခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကုန်ကျငွေအသုံးစရိတ်အား မည် သည့် ဘဏ္ဍာငွေမှ ထုတ်နှုတ်သုံးစွဲခဲ့ပြီး ငွေစုစုပေါင်း မည်မျှကုန်ကျသုံးစွဲခဲ့ကြောင်း မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။



“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲ ကုန်ကျအသုံးစရိတ်ကို ရန်ကုန်တိုင်း ဒေသကြီး ဘတ်ဂျက်မှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ်သန်း (၁၀၀၀)၊ ၂၀၁၈ ခုနှစ်ကြားခံ (၆) လကာလတွင် ကျပ်သန်း (၁၀၀၀)၊ စုစုပေါင်း ကျပ်သန်း (၂၀၀၀) ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကျခံသုံးစွဲခဲ့ပါ တယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ဟန်ချက်ညီညီ လုပ်ကိုင်ရန်လိုပြီး အစိုးရဌာနများ ၏ လိုအပ်ချက် အကုန်လုံးအား လွှတ်တော်ကိုယ်စားလှယ်များ သိခွင့်ရှိကြောင်း ၎င်းကပြောသည်။
ဘဏ္ဍာရေး အသုံးစရိတ်အား မည်သည့်နှစ်တွင် မည်သည့်ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းရာ စည်ပင် သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် စာဖြင့်ပြန်လည်ဖြေကြား သွားမည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး ရွေးကောက်တင်မြှောက်ပွဲကို မတ်လ ၃၁ ရက်တွင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲ စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲ ကျင်းပခြင်း အတွက် အသုံးစရိတ် စုစုပေါင်းငွေကျပ် (၁၇၅၆.၇၀၂)သန်း ကုန်ကျခဲ့ကြောင်း သိရသည်။

No comments:

Post a Comment