Monday, July 1, 2019

မကွေးတိုင်းအတွင်း အိမ်သုံးရေသန့်စက်များဖြင့် ဈေးကွက်သို့ ရေသန့်ဖြန့်နေသည့်စက်ရုံများကို နောက်ဆုံးအကြိမ် သတိပေး

မကွေးတိုင်းအတွင်း အိမ်သုံး ရေသန့်စက်များဖြင့် ဈေးကွက်သို့ ရေသန့်ဖြန့်နေသည့် စက်ရုံများရှိနေ၍ နောက်ဆုံးအကြိမ် သတိပေးမှုပြုလုပ်ထားကာ ဆက်လက်ပြုလုပ်နေပါက တရားစွဲဆိုသွားရန် စီစဉ်ထား ကြောင်း မကွေးတိုင်း FDA တာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောကြားသည်။ ゞင်းက “ရေသန့်စက်က နှစ်မျိုးရှိတာပေါ့။ အိမ်သုံးနဲ့ ဈေးကွက်ကိုဖြန့်ဖို့ သုံးတဲ့ဟာပေါ့။ ကျွန်တော်တစ်ခုပြောချင်တာက အိမ်သုံးနဲ့ ဈေးကွက်ထဲဖြန့်ဖို့ ခွင့်မပြုထားပါဘူး။ အိမ်သုံးက တစ်အိမ်တည်း အသုံးပြုရမှာပါ။ အိမ်သုံးနဲ့ ဈေးကွက်ထဲကို ထုတ်လုပ်ဖြန့်ချိနေရင် အရေးယူပါမယ်။
အခုဆို နောက်ဆုံးအကြိမ် သတိပေးထားတဲ့ စက်ရုံတွေရှိပါတယ်။ ထပ်ဖြန့်နေရင်တော့ တရားစွဲဆိုသွားမှာပါ။ လက်ရှိ ဈေးကွက်ထဲမှာ ဖြန့်နေတဲ့ ရေသန့် စက်ရုံတွေနဲ့ပတ်သက်ပြီးတော့ ပြောချင်တာက ကျွန်တော်တိုင်းမှာ ရေသန့်စက်ရုံတွေက အရင်ကထက် ၁၀ဝ ရာခိုင်နှုန်းအထိ မကောင်းရင်တောင်မှ အဆင့်တစ်ခုအထိ ရောက်ရှိနေပါပြီ။ အရင်နှစ်တွေကထက် စံချိန်စံညွှန်းပိုင်း ပိုမိုကောင်းမွန်လာပါပြီ”  ဟု မကွေးတိုင်း FDA တာဝန်ခံ ဒေါက်တာပြည့် ထူးက ပြောကြားသည်။ ရေသန့်အရည်အသွေးမှာလည်း အာဆီယံနိုင်ငံများ၏ စံချိန်စံညွှန်းနှင့်အညီရှိကာ လက်ရှိရေသန့်ထုတ်လုပ်နေသည့် စက်ရုံများနှင့်ပတ်သက်၍ ကျေနပ်စရာကောင်းသည့် အခြေအနေရှိနေကြောင်း ゞင်းက ဆက်လက် ပြောကြားသည်။

No comments:

Post a Comment