Monday, July 1, 2019

အင်္ဂလန်အမျိုးသမီးအသင်း ချန်ပီယံဖြစ်ပါက အဲလန်ဝှိုက်နှင့်မီလီဘရိုက်တို့ မီလျံနာဖြစ်လာဖွယ်ရှိ

အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အဲလန်ဝှိုက်နဲ့ မီလီဘရိုက်တို့ နှစ်ဦးဟာ ညတွင်းချင်းမီလျံနာတွေဖြစ်လာဖို့ ရှိနေပါတယ်။ အသင်းအတွက် ခြေစွမ်းတွေပြထားနိုင်တဲ့ ဝှိုက်နဲ့ ဘရိုက်တို့ဟာ အက်ဒီးဒက်စ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ သူတွေဖြစ်တာကြောင့် အင်္ဂလန် အက်ဖ်အေကရရှိတဲ့ အပိုဆုကြေးအပြင် ကုမ္ပဏီကပေးတဲ့ ဆုကြေးတွေကိုလည်း ထပ်မံရရှိမှာဖြစ်ပါတယ်။ အပိုဆုကြေးဟာလည်း ၂၀၁၈ အမျိုးသားကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကို ပေးအပ်တဲ့ ဆုကြေးငွေနဲ့ တန်းတူရရှိမှာဖြစ်လို့ ပေါ့ဘာလို ကစားသမားမျိုး ရရှိသလိုပဲ ဝှိုက်နဲ့ ဘရိုက်တို့ ရရှိဖို့ နီးစပ်နေတာဖြစ်ပါတယ်။



ဒါ့အပြင် အက်ဒီးဒက်စ်နဲ့ စာချုပ်ချုပ်ထားတဲ့ အဲဒီကစားသမား ၂ ဦးဟာ စပွန်ဆာကြေး နှစ်စဉ်ရရှိနေပြီးတော့ ဖလားရရှိခဲ့မယ်ဆိုရင်တော့ အင်္ဂလန် FA ကပေးမယ့် ပေါင် ၅ သိန်း အပိုဆုကြေး၊ FIFA က ရရှိမယ့် ဆုကြေးတွေနဲ့ ကလပ်အသင်းတွေမှာရရှိတဲ့ လုပ်ခလစာတွေ ပေါင်းလိုက်မယ်ဆိုရင် ညတွင်းချင်း မီလျံနာတွေ ဖြစ်လာမှာပါ။

ဒါ့အပြင် တိုက်စစ်မှူး ဝှိုက်ဟာ လက်ရှိအချိန်ထိ ၅ ဂိုးသွင်းထားတာကြောင့် အမေရိကန် တိုက်စစ်မှူးတွေဖြစ်တဲ့ မော်ဂန်၊ ရက်ပီနိုး၊ သြဇီက ဆမ်ကားတို့နဲ့အတူ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေလို့ အဲဒီကနေလည်း ဆုကြေးထပ်မံရရှိမှာပါ။

ဝှိုက်နဲ့ဘရိုက်တို့အပါအဝင် ဖီးလ်နဗီးလ်ဦးဆောင်နေတဲ့ အင်္ဂလန်အမျိုးသမီးဟာ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား ရရှိနိုင်ဖို့အတွက်ဆိုရင် လာမယ့် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ ၃ ထပ်ကွမ်း အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန်အသင်းကိုတော့ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

No comments:

Post a Comment