Monday, July 1, 2019

ဖေ့စ်ဘွတ်တွင် မိမိ၏၀ရမ်းကြေညာစာက Like ၂၉၀၀၀ ခန့်ရရှိသည့်အတွက် လာအဖမ်းခံခဲ့သည့် ၀ရမ်းပြေး

အမေရိကန်နိုင်ငံ ကွန်နက်တီကတ် ပြည်နယ်တွင် ပြီးခဲ့သည့်လက ၀ရမ်းပြေး တစ်ဦးသည် ၎င်း၏၀ရမ်းကြေညာစာအ တွက် ဖေ့စ်ဘွတ်၌ Like ၁၅၀၀၀ ကျော် ရရှိခဲ့ပါက လာရောက်အဖမ်းခံမည်ဟု ဆို ခဲ့ပြီးနောက် အချိန်အနည်းငယ်ကြာသွား သော်လည်း ကတိအတိုင်း လာရောက်အ ဖမ်းခံခဲ့ကြသည်ဟု သိရသည်။



အသက် ၂၉ နှစ်အရွယ်ဂျို့စ်ဆင်း၏ ၀ရမ်းကြေညာစာကို ပြီးခဲ့သည့်လက Torrington ရဲတပ်ဖွဲ့မှ ရဲဖေ့စ်ဘွတ်စာ မျက်နှာတွင်ထုတ်ပြန်ခဲ့သည်။ ဂျို့စ်ဆင်း က ၎င်း၏၀ရမ်းပို့စ်အောက်၌ Like ၂၀၀၀၀ ရပါက လာအဖမ်းခံမည်ဟု ဝင် ရောက်ရေးသားလာခဲ့သည်။ ရဲတပ်ဖွဲ့က Like ၁၀၀၀၀ ကျော်လျှင် လာအဖမ်းခံရန် ပြန်လည်ညှိနှိုင်းခဲ့ရာတွင် နောက်ဆုံး၌ Lငုန ၁၅၀၀၀၀ ကျော်ဖြင့် အပေးအယူ တည့်သွားခဲ့ကြသည်။

မီဒီယာများတွင် ဖော်ပြမှုကြောင့် ဂျို့စ်ဆင်း၏ ၀ရမ်းပို့စ်ကို ပြန်လည်မျှဝေသူများ၊ Like လုပ်သူများ အလွန်များလာခဲ့ပြီး ရက်ပိုင်းအတွင်း Like ၁၅၀၀၀၀ ကျော်သွားခဲ့သော်လည်း ကတိအတိုင်း လာအဖမ်းမခံဘဲနေခဲ့သည်။ သို့သော် ဇွန်လ ၁၉ ရက်တွင် ဂျို့စ်ဆင်း ကိုယ်တိုင်က ရဲစခန်းသို့ဖုန်းဆက်ကာ လာရောက်ဖမ်းဆီးရန်ဆိုခဲ့သည်။ ဂျို့စ် ဆင်းက အေးဆေးစွာပင် အဖမ်းခံခဲ့သည်။ ဂျို့စ်ဆင်းကိုဖမ်းဆီးသည့်အချိန်တွင် ၎င်း ၏၀ရမ်းပို့စ်သည် Like ၂၉၀၀၀၀ ကျော် ရရှိနေပြီဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment