အာဆင်နယ်အသင်းက ယင်းကစားသမား၏ အခြေအနေ နှင့်ပတ်သက်၍ ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ သို့သော် မေလ ၂၉ ရက် ဗိုလ်လုပွဲလူစာ ရင်းမှ ၎င်းကို ချန်လှပ်ထားရေး မိမိတို့အားလုံး စုပေါင်း၍ သ ဘောတူခဲ့သည်ဟု အာဆင်နယ် အသင်းက ပြောကြားသည်။
‘‘ဒါဟာ သတင်းဆိုးပါ။ ဒါ ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန် တော်တို့ ဘာမှမလုပ်နိုင်ပါဘူး’’ ဟု အမ်မရီကသတင်းထောက် များအား ပြောကြားသည်။
‘‘ကျွန်တော်ဒီမနက်ပဲ မစ်ခီ တာယန်နဲ့ စကားပြောခဲ့ပါတယ်။ ဒါဟာ အလွန်ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆုံးဖြတ်ချက်ပါ။ သူက ကစား ချင်တယ်။ အသင်းကိုကူညီချင် တယ်။ ဒါပေမဲ့ သူ့မိသားစုနဲ့ သူနဲ့ ပါ စကားတွေပြောကြပြီး မသွား ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော် တို့နဲ့ လိုက်ခဲ့ဖို့ ကျွန်တော်အတင်း မတိုက်တွန်းနိုင်ဘူး’’ ဟု အာဆင် နယ်နည်းပြက ပြောသည်။
မိမိအနေဖြင့် နိုင်ငံရေးပြဿ နာကို နားမလည်သော်လည်း ၎င်း ၏ဆုံးဖြတ်ချက်ကို လေးစားရမည် ဟု အမ်မရီက ဆိုသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် ကမူ မိမိတို့အနေဖြင့် မစ်ခီတာ ယန်၏ လုံခြုံရေးကို ကျယ်ပြန့်သော လုံခြုံရေး အစီအစဉ်ချမှတ်ထားသည်ဟု ပြောကြားသည်။
No comments:
Post a Comment