အဂူရို (၃၀) နှစ်သည် အင်္ဂ လန်ချန်ပီယံ မန်စီးတီနှင့် ဖလား သုံးလုံးရရှိပြီး ၂၁ ဂိုးသွင်းယူကာ လက်ရွေးစင်အသင်းတွင် ပြန် လည်ပါဝင်လာပြီး မက်ဆီ၊ ဒီမာ ရီယာတို့နှင့် တိုက်စစ်၌ လက်တွဲ မည်ဖြစ်သည်။
ယင်းကစားသမားသုံးဦး သည် ကမ္ဘာ့ဖလားနောက်ဆုံး (၁၆) သင်းအဆင့်မှ ထွက်ခဲ့ရ သောအ သင်းမှ စကာလိုနီခေါ်ယူ သည့် ဝါရင့်ကစားသမားကိုးဦးစာ ရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။
အာဂျင်တီးနားအသင်း သည် ၁၉၉၃ က အီကွေဒေါတွင် ကျင်းပသည့် ကိုပါအမေရိက နောက်ပိုင်း အဓိကဆုဖလားမရရှိ သေးပေ။
၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၅ နှင့် ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲများ တက်ရောက်ခဲ့သော် လည်း ချန်ပီယံမဖြစ်ခဲ့ပေ။
ယခုနှစ် ကိုပါအမေရိက ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၇ ရက်အထိ ဘရာဇီးနိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ အာဂျင်တီး နားက ကိုလံဘီယာ၊ ပါရာဂွေး၊ ကာတာတို့နှင့်အတူ အုပ်စု (B) ၌ ကျရောက်နေသည်။ အဖွင့်ပွဲကို ကိုလံဘီယာနှင့်ဇွန်လ ၁၅ ရက် တွင် ကစားမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းလူစာရင်း
ဂိုးသမား အာမာနီ၊ မာချီဘင်၊ အန်ဒရာဒါ
နောက်တန်း ဂျူအန်ဖွိုက်သ်၊ အော်တာမန်ဒီ၊ ပက်ဇယ်လာ၊ တာဂလီယာဖီကို၊ ဖူမက်မိုရီ၊ ဆာရာဖီယာ၊ အကူ နာ၊ ကက်စကို
အလယ်တန်း ပါရီဒက်စ်၊ ရိုဒရီဂွတ်ဇ်၊ ဂျီယိုဗန် နီ၊ ပါလာစီယို့စ်၊ ပီရောရာ၊ ဒီပေါလ်၊ ဒီမာရီယာ
ရှေ့တန်း မက်ဆီ၊ အဂူရို၊ မာတီနက်ဇ်၊ ဒိုင်ဘာလာ၊ မာတီရက်စ်ဆွာရက်ဇ်။
No comments:
Post a Comment