‘‘ပင်လည်ဘူးမြို့နယ်က ရဲ တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးတိုက် ဖျက်အဖွဲ့က ကားတစ်စီးကို ရပ် တန့်စစ်ဆေးတဲ့အခါ အတင်း မောင်းပြီး ဖောင်းပြင်မြို့နယ်ထဲကို ထွက်ပြေးခဲ့တာ။ ဒါနဲ့ဖောင်းပြင် မြို့နယ်ထဲ ဝင်လာတဲ့ကားတွေကို ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါ က လူဂျာကားတစ်စီးက စစ်ဆေးရေး အဖွဲ့တွေ တွေ့တာနဲ့ ပင်လည်ဘူး ဘက်ကို ပြန်လှည့်မောင်းပြေး တယ်။ အဲဒီကားနောက်ကို ဆိုင် ကယ်နဲ့ လိုက်တဲ့အခါရပ်တန့်စစ် ဆေးတဲ့ ရွာနဲ့လေးမိုင်လောက်မှာ တောထဲကို ကားမောင်းပြေးတာ တွေ့လိုက်တယ်။ တောလမ်း ထဲ တစ်မိုင်လောက်မှာ ကားကိုတွေ့ ရပြီး လူတွေကထွက်ပြေးသွား တယ်’’ ဟု ဒုရဲမှူးသန်းစိုးက ပြော သည်။
အဆိုပါ ယာဉ်အနီးရှိ ပီနန် အိတ်ငါးလုံးဖြင့် ထည့်ထားသော ဆပ်ပြာခွက်အတွင်း ဘိန်းဖြူဟု ယူဆရသည့် အမှုန့်များကို သိမ်း ဆည်းမိပြီး ယာဉ်မောင်းနှင့်ယာဉ် ပေါ်ပါသူများကို စုံစမ်းနေကြောင်း ဒုရဲမှူးသန်းစိုးကဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖောင်းပြင်မြို့ မြို့မရဲစခန်းက မူး ယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ ရောင်းချရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်းပုဒ်မဖြင့် အ မှုဖွင့်စစ်ဆေးနေသည်။
No comments:
Post a Comment