Pages
Thursday, May 23, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျားကောင်ရေ တိုးပွားလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမဲလိုက်ခွင့်ပိတ်ပင်လိုက်အပြီး ၁၅ နှစ်အကြာမှာ ကမ္ဘာ့အကြီးဆုံး ဒီရေတောရှိရာ ဆန်ဒါဘန် ဒေသမှာ ကျားကောင်ရေ တိုးပွားလာတာကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရပါတယ်။ သစ်တောဌာနရဲ့ထုတ်ပြန်ချက်အရ အဲဒီသစ်တောမှာ လွန်ခဲ့တဲ့ လေးနှစ်က ကျားကောင်ရေ ၁၀၆ ကောင်ရှိခဲ့ရာက အခု ၁၁၄ ကောင်ရှိလာပြီလို့ သိရပါတယ်။ အဲဒီတောမှာ ၂၀၀၄ ခုနှစ်က ကျားကောင်ရေ ၄၄၀ အထိ ရှိခဲ့တာပါ။ အကျယ်အ၀န်း ၆၄၀ စတုရန်းမိုင်ရှိတဲ့ အဲဒီသစ်တောမှာ မနှစ်ကစလို့ ကင်မရာတွေ တပ်ဆင်ပြီး ကျားကောင်ရေကို မှတ်တမ်းပြုခဲ့တာပါ။ ဆန်ဒါဘန်ဒေသမှာ ရှားပါးတိရစ္ဆာန် စာရင်းဝင် ဧရာဝတီလင်းပိုင်နဲ့ ဘင်္ဂလားကျားတွေရှိနေပြီး၊ အမဲလိုက်တာ၊ နေစရာပျောက်ဆုံးလာနေတာတွေကြောင့် မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ သတ္တ၀ါတွေအဖြစ် သတ်မှတ်ထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment