
မေ ၂၀ ရက် နံနက် ၁၀နာရီ က တိုင်းဒေသကြီး သယံဇာတ သ ဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီး၏ရုံးခန်း၌ သတင်း ထောက်များအား ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါစက်ရုံကြီးကို မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင်
မင်း ဘူးစကုမြို့နယ် မင်းဘူး-အမ်းကား လမ်းဘေးတွင် တည်ဆောက်နေ ခြင်းဖြစ်ပြီး စီမံကိန်းမှာ ၈၃၆ ဧကကျယ်ဝန်းပြီး အဆိုပါမြေအ ကျယ်အဝန်းတွင် ဧက ၇၀ဝ မှာ မြေလွတ်မြေရိုင်းဖြစ်ပြီး ၁၃၆ ဧကမှာ သစ်တောမြေဧရိယာဖြစ် သဖြင့် သစ်တောဦးစီးဌာနထံမှ နှစ် ၃၀ ငှားရမ်းစာချုပ်ချုပ်ဆို၍ လုပ် ကိုင်နေခြင်းဖြစ်သည်။
""ဒီဆိုလာစက်ရုံက မြန်မာ နိုင်ငံအနေနဲ့ ပထမဆုံးလုပ်တဲ့ စက်ရုံပါ။ အဲဒီနေရောင်ခြည်သုံးဆိုလာစက်ရုံကနေ အခုမေလကုန် ၃၀ ရက်မှာ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ဖို့ကြိုးစား နေတယ်။ ၂၀ မဂ္ဂါဝပ်ကို နေရှင်နယ် ကရစ်ထဲထည့်မယ်။ စပြီးမီးပေး မယ့်အနေအထားရှိနေပါပြီ""ဟု တိုင်းဒေသကြီး သယံဇာတသဘာ ဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ပြောကြား သည်။
အဆိုပါစီမံကိန်းကို ယခင် အစိုးရလက်ထက်၂၀၁၃ ခုနှစ်တွင် Green Earth power GEP (Myanmar) Co-Ltd နှင့် စတင် ကာ MOU သဘောတူခဲ့သည့်စီမံ ကိန်းဖြစ်သော်လည်း ယခင်အစိုးရ အနေဖြင့် အကောင်အထည်မဖော် ခဲ့သည့်အတွက် ယခုအစိုးရလက် ထက်တွင် နေရာရှင်းလင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင် အကောင်အထည်ဖော်နေ ခြင်းဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment