
အာကန်ဆော၊ ဂျော်ဂျီယာ၊ ကန်တက်ကီ၊ မစ်ဆိုရီနှင့် အိုဟိုင်းယိုးပြည်နယ်များသည်လည်း အလားတူဥပဒေများကို အတည်ပြုရန်ရှိနေသည်။
လူဝီစီယားနားပြည်နယ်က အတည်ပြုလိုက်သည့် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်သည့် ဥပဒေကြမ်း မသက်ရောက်စေရဟု တရားလွှတ်တော်ချုပ်က ယခုနှစ်အစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။
သို့သော် အဆိုပါဆုံးဖြတ်ချက်ကို တရားသူကြီးများအနက် မဲအနည်းငယ်အသာစီးဖြင့်သာ ဆုံးဖြတ်ခဲ့သောကြောင့် ယခုနှစ်အကုန်ပိုင်းတွင် ပြန်လည်ကြားနာရဦးမည်ဖြစ်သည်။
အယ်လ်လာဘာမားလွှတ်တော်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆန္ဒပြသူများက ကိုယ့်ခန္ဓာကိုယ် ကိုယ်ပိုင်ကြောင်း ပြောဆိုခဲ့သည်။
အယ်လ်ဘားမားလွှတ်တော်က အတည်ပြုပြီး အုပ်ချုပ်ရေးမှူး ကေးအီဗေက အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် ဥပဒေအရ လိင်ပိုင်းအနိုင်ကျင့်မှုနှင့် သားချင်းချင်း မှားယွင်းရာမှရရှိသည့် ကိုယ်ဝန်တို့ကိုလည်း ဖျက်ချခွင့်မရှိချေ။
ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကြောင့် ကိုယ်ဝန်ဖျက်ချမှုရပ်ဆိုင်းသွားမည်မဟုတ်ကြောင်း၊ ပိတ်ပင်ခြင်းကြောင့် လုံခြုံစိတ်ချမှုရှိစွာ ကိုယ်ဝန်ဖျက်ချမှုသာ ထိခိုက်သွားကြောင်း ကြိုတင်စီစဉ်မိဘအဖွဲ့၏အကြီးအကဲ စတာစီဖောက်စ်ကပြောဆိုခဲ့သည်။
၁၉၇၃ ခုနှစ်တွင် နိုင်ငံတစ်ဝန်း တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရှိကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားခြင်းကို အယူအစွဲကြီးသောလွှတ်တော်အချို့က ဆန့်ကျင်လိုက်ကြခြင်းဖြစ်သည်။
ရီပတ်ဘလီကန်များကြီးစိုးထားသော လွှတ်တော်များက အတည်ပြုလိုက်သည့်ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာဥပဒေများကို တရားရုံးများက ကန့်သတ်ပိတ်ပင်ဦးမည်ဖြစ်သောကြောင့် ယင်းဥပဒေများ သက်ရောက်နိုင်ဦးမည်မဟုတ်ချေ။
No comments:
Post a Comment