‘ယောက်ဖစစ်ဆင်ရေး’ ဇာတ်ကားရုံတင်ရန် သုံးနှစ်ခန့် စောင့်ခဲ့ရပြီး ဇာတ်လမ်းဇာတ် ကွက်အရ ရယ်စရာဖြစ်အောင် ရိုက်ကူးထားသောကြောင့် ပရိ သတ်အကြိုက်တွေ့မည်ဟု ထင် ကြောင်း ၎င်းက ဆိုသည်။
‘‘ဇာတ်ကားကတော့ ပျော် စေ၊ ပြက်စေ၊ ကလက်စေဆိုပြီး ရယ်ရအောင်ပဲ ရိုက်ထားတာ။ တချို့အခန်းတွေဆို တော်တော် လေးရယ်ရတဲ့ Plot တွေ ပါတယ်။ ပေါတောတောမဟုတ်ဘူး’’ ဟု ညီညီထွန်းလွင်က ပြောသည်။
အဆိုပါဇာတ်ကားတွင် ဇေရဲထက်၊ ရာဇာနေဝင်း၊ ကျော်ကျော်၊ ခင်လှိုင်၊ ခင်ဝင့်ဝါတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ယနေ့ စတင်ရုံတင်ပြသမည်ဖြစ်သည်။
‘‘ဇေရဲထက်က အဲဒီအချိန်က တော်တော်နာမည်ကြီးလာတယ်။ သူက အက်တင်အရ မအူမလည် လေးဆိုတော့ မအူမလည်ဖြစ်ရ မယ့် ဇာတ်လမ်းကို စဉ်းစားပြီး ရိုက်ဖြစ်တာ’’ ဟု ယင်းဇာတ်ကား အကြောင်းကို ညီညီထွန်းလွင်က ပြောသည်။
ယင်းဇာတ်ကားသည် ယောက်ျားလျာညီမကို အစ်ကိုသုံး ယောက်က ယောက်ျားပေးစားရန် စီစဉ်ရာ၌ ကြုံတွေ့ရသည့် အ ကြောင်း ဟာသသဘောဖြင့် ရိုက် ကူးထားသည်။ ဒါရိုက်တာအနေဖြင့် ရုပ်ရှင် ရိုက်ကူးရေးနားထားသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းရိုက်ကူး ထားသည့် ဇာတ်ကားအချို့ ရုံ တင်ရန် စောင့်ဆိုင်းနေရသည်ဟု ဒါရိုက်တာ ညီညီထွန်းလွင်က ပြောသည်။
No comments:
Post a Comment