
ဝန်းရံသူတွေထဲက မနီလာသိန်း၊ကိုနိုင်ကိုသူ၊ ကိုမင်းဟန်ထက်၊ကိုနန်းလင်းနဲ့ မရှားယမုံတို့ကို ဗိုလ်တစ် ထောင်မြို့နယ်ရဲမှူးနေဝင်းကတရားလိုလုပ်ပြီးဗိုလ်တစ်ထောင်ရဲစခန်းမှာ ပုဒ်မ ၃၅၃၊ ၃၃၂၊ ၁၈၆၊ ၁၁၄တို့နဲ့ မေ ၂၁ရက်နေ့မှာအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အမှုဖွင့်ပြီးနောက် မေ ၂၁ရက်နေ့ ညပိုင်း မှာဘဲ အမှုဖွင့်ခံရသူတွေရဲ့ နေအိမ်တွေကို လိုက်လံရှာဖွေခဲ့တယ် လို့ ကာယကံရှင်တွေကပြောပါတယ်။
'' ဒါက ဒီမိုကရေစီခေတ်လို့သာပြောတယ်။ အရင်ခေတ်ကအတိုင်း ညသန်းခေါင်မှာ မီးတွေဖြတ်ပြီး လူတွေ လိုက်ဖမ်းတယ်။အခုကအဲဒီခေတ်ကို ပြန်ရောက်နေသလိုပဲ။ ကျွန်မတို့ကို စွဲထားတဲ့ပုဒ်မတွေက အာမခံပေး လို့ရတဲ့ ပုဒ်မတွေ။ ဒါကိုညတွင်းချင်းကြီး လိုက်ဖမ်းတယ်ဆိုတာကမဟုတ်ဘူး။ ဖြစ်တာက ၂၀ ရက်နေ့ ဒါကို မနက် ၁နာရီ ဝေလီဝေလင်းကြီး အမှုဖွင့်တယ်။'' လို့ အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်တဲ့ မရှားယမုံကဘီဘီစီ ကိုပြောပါတယ်။
အမှုဖွင့်ခံရသူ ၅ဦးထဲက ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကိုတော့ ညပိုင်းမှာပဲ နေအိမ်ကနေခေါ်ဆောင်သွားခဲ့ပြီးနောက် အာမခံနဲ့ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
' ' မနီလာသိန်းကတော့ ညက အာမခံရတယ်။ ကျွန်တော်တို့ ၄ယောက်ကတော့ ရဲစခန်းမှာဒီနေ့သွားပြီး ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရတယ်။ တရားရုံးမှာ တရားစွဲတင်တဲ့အခါ တရားရင်ဆိုင်ပါ့မယ်ဆိုတာကိုပေါ့ ။ ကျွန်တော်တို့အမြဲတမ်းပြောတဲ့ ပြဿနာက ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားဖို့။ တနေ့ခင်းလုံး အကြောင်းမကြားဘဲ။ ညကြီးသန်းခေါင်မှာ လိုက်ပြီးရှာဖွေတာဖမ်းဆီးတာက စစ်အာဏာရှင် လက်ထက်က ကြုံခဲ့တဲ့ စနစ်ဆိုး၊ အကျင့်ဆိုးတွေပေါ့လေ။ လူကြီးလူကောင်းမဆန်ဘူး။''လို့ အမှုဖွင့်ခံရသူတစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ဘီဘီစီကိုပြောပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ၇ဦးဟာ သင်္ကြန်ကာလမှာ တိုင်ခဲ့တဲ့ သံချပ်တွေထဲမှာ တပ်မတော်ကို စော်ကားတဲ့ အသုံးအနှုန်းအပြုမူတွေပါဝင်တယ်လို့ဆိုပြီး မရမ်းကုန်းမြို့နယ် တရားရုံး၊ ဗိုလ်တစ်ထောင် မြို့နယ် တရားရုံးနဲ့ ဖျာပုံမြို့နယ်တရားရုံးတို့မှာ ပုဒ်မ ၆၆ (ဃ) ပုဒ်မ ၅၀၅ (ခ)တို့နဲ့ အသီးသီးစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
No comments:
Post a Comment