
အဆိုပါအခမ်းအနားများသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ်(ကျန်စစ်သား) သည် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ချင်းတောင် မြို့တွင် ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်နှစ်(၇၀)ပြည့် အခမ်းအနားနှင့် China-Southeast Asia Maritime Exercise 2019 တို့သို့ ပါဝင်တက်ရောက်ခဲ့ပြီး အပြန်ခရီးစဉ်၌ စင်ကာပူနိုင်ငံသို့ ဝင်ရောက်၍ စစ်ရေယာဉ် (ကျန်စစ်သား)နှင့်အတူ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားများသို့ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အရာရှိကြီးများ၊ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရေကြောင်းဆိုင်ရာအေဂျင်စီများမှ ကိုယ်စားလှယ်အရာရှိကြီးများ တက်ရောက် ခဲ့ကြပြီး နိုင်ငံ ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၁ စီး စေလွှတ်ပါဝင်ခဲ့ကြသည်။
စစ်ရေယာဉ်(ကျန်စစ်သား) ၏ ယခုသွားရောက်ခဲ့သော ရန်ကုန်-စင်ကာပူ- ရန်ကုန် ခရီးစဉ်သည် စုစုပေါင်းရေမိုင် ၂၅၀၀ ကျော် ဖြစ်ပြီး စစ်ရေယာဉ်(ဆင်ဖြူရှင်)၏ ရန်ကုန်-ချင်းတောင်-စင်ကာပူ-ရန်ကုန် ခရီးစဉ်သည် စုစုပေါင်း ရေမိုင် ၇၈၀၀ ကျော် ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment