ဒေါ့မွန်က ဟော်ဖန်ဟိုင်းမှ နီကိုရှူးဇ်ကို အင်္ဂါနေ့က ခေါ်ယူခဲ့ သည့် ချယ်လ်ဆီးတိုက်စစ်မှူး အီ ဒင်ဟာဇက်၏ညီ သော်ဂန်ဟာ ဖက်က ဒေါ့မွန်သို့ပြောင်းရန် ဆုံး ဖြတ်ခဲ့သဖြင့် မိမိတို့ဝမ်းမြောက်မိ ကြောင်း ဒေါ့မွန်အသင်း အားက စားညွှန်ကြားရေးမှူး မိုက်ကယ် ဇော့စ်က ကြေညာချက်တစ်ရပ်၌ ဖော်ပြသည်။
သော်ဂန်ဟာဇက်သည် ၎င်း ၏ အဆုံးသတ်မှုအပိုင်း ကောင်း မွန်သော စွမ်းဆောင်ရည်နှင့်အတူ လာမည့်ရာသီတွင် မိမိတို့ကို အ ကောင်းဆုံး ကူညီမည်ဖြစ် ကြောင်း မိုက်ကယ်ဇော့စ်ကပြော ကြားသည်။
၎င်းသည် ဂလာဘတ်အ တွက် ၁၈၂ ပွဲကစားပြီး ၄၆ ဂိုး သွင်းကာ ၄၄ ဂိုးဖန်တီးခဲ့သည်။
ဒေါ့မွန်က ချယ်လ်ဆီးသို့ ဇန်နဝါရီက ပြောင်းရွှေ့သော အ မေရိကန်တိုက်စစ်မှူး ပူလစ်ဆစ် ၏ နေရာတွင် အစားထိုးရန် သော် ဂန်ဟာဇက်ကို ခေါ်ယူခြင်းဖြစ် သည်။ ဒေါ့မွန်က ၎င်းကိုဘယ် တောင်ပံတွင်သုံးပြီး ဂျာဒွန်ဆန်ချို ကို ညာတောင်ပံတွင်သုံးရန် ရည် ရွယ်ထားသည်။
သော်ဂန်ဟာဇက်၏ အစ်ကို အီဒင်ဟာဇက်လည်း ချယ်လ် ဆီးမှထွက်ကာ ရီးရဲလ်သို့ပြောင်း ရွှေ့ဖွယ်ရှိကြောင်း သတင်းထွက် ပေါ်နေသည်။
No comments:
Post a Comment