
မေလ ၂၁ ရက်နေ့ ၀၈၀၀ အချိန်တွင် ကသာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ ကသာမြို့နယ်၊ ရပ်ကွက်(၉)နေ မသဲမာ ၃၆ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ဇော်လင်းနိုင် ၃၃ နှစ်၊ ဇော်ထွန်းနိုင်(ခ)ဂေါ်ဇီလာ ၂၇ နှစ်နှင့် အောင်ပြည့်ဝင်း (ခ)ပြည့်ဖြိုးအောင် ၂၄ နှစ်တို့အားတွေ့ရှိပြီး အောင်ပြည့်ဝင်း(ခ)ပြည့်ဖြိုးအောင် ဝတ်ဆင်ထားသည့် ပုဆိုးခါးပုံစ အတွင်းနှင့် နေအိမ်အတွင်းတို့မှ အအေးစုပ်ပိုက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃.၇၂ ဂရမ်(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၇၂ သိန်း)၊ မူးယစ်ဆေးဝါးထည့်သွင်းရာတွင်အသုံးပြုသည့် ပင်နယ်ဆလင် ပုလင်းများ၊ သုံးစွဲသည့်ဆက်စပ်ပစ္စည်းများနှင့် မြန်မာငွေ ၁.၂၂ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကသာ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment