ယင်းအခွေသည် ၎င်း၏ခံ စားချက်များကို ရေးဖွဲ့ထားသည့် တေးအယ်လ်ဘမ်ဖြစ်သကဲ့သို့ ဂီ တသက်တမ်း (၁၀) နှစ်ပြည့်ချိန် တွင် ထွက်ရှိမည်ဖြစ်သောကြောင့် ကြိုးစားထားသည်ဟုဆိုသည်။
‘‘တချို့သီချင်းတွေက အ ရမ်းစိတ္တဇဆန်တယ်။ ကလေး ဆန်ပြီးချစ်ဖို့ကောင်းတာလည်း ပါတယ်။ မိစန္ဒီနဲ့မတူတာလေး တွေလည်းပါတယ်။ မိစန္ဒီပုံစံက တော့ နှစ်ပုဒ်လောက်ထည့်ထား တယ်’’ ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဂီတလောက၌ အခွေရောင်းအားအခြေအနေ ယခင်လို မကောင်းမွန်သေး သဖြင့် ယင်းအခွေနှင့်ပတ်သက် ပြီး ရင်ခုန်စိတ်လှုပ်ရှားသည်ဟု ဆိုသည်။ ‘‘အရမ်းတာဝန်ကြီးတယ်။ အခွေရောင်းအားတွေကလည်း အခြေအနေမကောင်းဘူး။ အခွေ ရောင်းအားထက်ပရိသတ်ရဲ့တုံ့ ပြန်မှုပေါ့။ မိစန္ဒီလည်း ဒီလော ကမှာကြာနေပြီ။ ထူးထူးခြားခြား လေးဖြစ်အောင်လုပ်ချင်တယ်။ ဒီအခွေနဲ့ပတ်သက်ပြီး ရင်ခုန် တယ်၊ ကြောက်တယ်၊ မျှော်လင့် ချက်တွေလည်းရှိတယ်။ ပရိသတ် က ကိုယ့်ကိုဒီအခွေကြီးက အရမ်း ဂွမ်းနေတယ်လို့ ထင်မှာစိုးတယ်။ အရမ်းကြိုးစားထားတာကို ပရိ သတ်တွေကို သိစေချင်တယ်’’ ဟု မိစန္ဒီကပြောသည်။
No comments:
Post a Comment