
John Wick: Chapter 3 - Parabellumဇာတ် ကားက ‘Avengers: Endgame’ ဇာတ်ကားကို ၀င်ငွေအများဆုံး ထိပ်ဆုံးနေရာမှ ဖယ်ရှားပစ်ခဲ့ သည်။ ၀င်ငွေအများဆုံးနေရာကို သီတင်းသုံးပတ်ကြီးစိုးခဲ့သော ဇာတ်ကားကို ဖြတ်ချပြီး John Wick 3 အက်ရှင်ကားက ဗွေ ဆော်ဦး သီတင်းပတ်တွင်ပင် အမေရိကန်၌ ၀င်ငွေကန်ဒေါ်လာ ၅၇ သန်းရရှိကာတစ်ကမ္ဘာလုံး တွင် ၉၂ သန်းရရှိခဲ့သည်။ အဆိုပါအက်ရှင် ကား၏၀င် ငွေသည် ယခုတတိယပိုင်းအ များဆုံးဖြစ်ပြီး ဒုတိယဇာတ်ကား ရရှိသောဝင်ငွေ ကန်ဒေါ်လာ ၃၀ ဒသမ ၄ သန်းထက် နှစ်ဆခန့် ပိုများသည်။ Detective Pikachu ဇာတ် ကားသည် ကန်ဒေါ်လာ ၂၄ ဒသမ ၈ သန်းဖြင့် တတိယနေရာ သို့ ရောက်သွားသည်။
No comments:
Post a Comment