လီဗာပူး အသင်းကလည်း ဖာမီနိုသည် အသင်းဖော်များနှင့် လေ့ကျင့်မှုပြန်လည်စတင်နေပြီ ဖြစ်ကာ ကြံ့ခိုင်မှုပြည့်ဝရေးကြိုး စားနေသည်ဟု ထုတ်ပြန်ပြော ကြားသည်။
သို့သော် ယင်းကစားသမား အပြည့်အဝပြန်လည်လေ့ကျင့် ရေးကို အနီးကပ်ကြီးကြပ်မှုနှင့်အ တူ စနစ်တကျစီမံခန့်ခွဲမည်ဖြစ် ကာ ၎င်းအတွက် အထူးလေ့ကျင့် မှုအစီအစဉ်များကို ဖော်ဆောင် မည်ဟု ပြောကြားသည်။
လီဗာပူးအသင်းအဖွဲ့ဝင် ၂၆ ဦးသည် မာဘယ်လာဒေသ တွင် ခြောက်ရက်တာ နေထိုင် လေ့ကျင့်ပြီးနောက် ဇွန်လ ၁ ရက် ၌ မက်ဒရစ်မြို့တွင် စပါးနှင့်ဗိုလ် လုပွဲအတွက် အပြီးသတ်ပြင်ဆင် ပြီး အင်္ဂလန်သို့ ပြန်မည်ဖြစ်သည်။ လီဗာပူးအသင်းတွင် လွန်ခဲ့ သော သီတင်းသုံးပတ်က ရရှိခဲ့ သော ပေါင်တွင်းကြောဒဏ်ရာမှ ပြန်လည်သက်သာရန်ကြိုးစားနေ သည့် ဂီနီကွင်းလယ်လူ နာဘီကီ တာလည်းပါဝင်သည်။
No comments:
Post a Comment