
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ဖို့ ၀န်ထမ်းတွေမပါတဲ့ ကမ္ဘာ့ ပထမဆုံးရေယာဉ်ကို (SEA-KIT International) ကုမ္ပဏီ ကတီထွင် လိုက်ပါတယ်။ (SEA-KIT International) ကုမ္ပဏီဟာရေကြောင်းဆိုင်ရာ လေ့လာမှုပြုလုပ်တဲ့ ရေယာဉ်တွေ တီထွင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အခုရေယာဉ်ကိုရေအောက်ကြမ်းပြင်မှာ လေ့လာမှုတွေ ပြုလုပ်တဲ့ (Shell Ocean Discover XPRIZE)ပြိုင်ပွဲ အတွက် တီထွင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီရေယာဉ်ကို(USV Maxlimer) လို့နာမည်ပေးထားပါ တယ်။
ဒီရေယာဉ်ကိုတီထွင်ရတဲ့အကြောင်းရင်းကတော့ အန္တရာယ် ရှိတဲ့နေရာတွေက လူသားအလုပ်သမားတွေကို ဖယ်ရှားပေး နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။
ဒီရေယာဉ်ဟာ ဈေးလည်းပိုသက်သာသလို၊ ဒီဇယ်နဲ့ရောလျှပ်စစ်နဲ့ပါ မောင်းနှင်နိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း သက်သာစေပါတယ်။
လျှပ်စစ်နဲ့ပါမောင်းလို့ရတာကြောင့် လောင်စာဆီကုန်ကျစရိတ် (၉၅)ရာခိုင်နှုန်းလောက်သက်သာစေတယ်လို့ တီထွင်တဲ့ ကုမ္ပဏီကပြောကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
No comments:
Post a Comment