နိုင်ငံတကာ ရေငုပ်သမား များသည်ကတ်ကြေးများ အ သုံးပြု၍ ရေအောက် ၂၅ မီတာအ နက်ရှိ သန္တာကျောက်တန်းများမှ အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိစွန့် ပစ်ငါးဖမ်းပိုက်ကွန်များကို ပြန် လည်ဆယ်ယူနိုင်ခဲ့သည်။ ပိုက်ကွန်တစ္ဆေများ (သို့မ ဟုတ်) ALDFG ဟုခေါ်သည့် (စွန့်ပစ်၊ ပျောက်ဆုံး၊ လွှင့်ပစ်ငါး ဖမ်းပစ္စည်းများ) ပင်လယ်ထဲတွင် ကျန်ခဲ့သော ငါးဖမ်းပိုက်ကွန်များ၊ ကြိုးများ၊ ထောင်ချောက်များ သည် ကျောက်ဆောင်များ၊ သန္တာ ကျောက်တန်းများနှင့်ရစ်ပတ်ငြိ တွယ်ကာနောက်ဆုံးတွင် ရေနေ သတ္တ၀ါများနှင့် သန္တာကျောက် တန်းများကို သေဆုံးစေနိုင်သည်။
တစ်ကမ္ဘာလုံး အတိုင်းအ တာအရပင်လယ်ပြင်အတွင်း စွန့် ပစ်ခဲ့သည့် ငါးဖမ်းပိုက်ကွန်နှင့် ငါးဖမ်းပစ္စည်းများမှအလေးချိန် တန်ပေါင်း ၆၄၀,၀၀၀ အထိရှိ နိုင်သည်ဟု ကုလသမဂ္ဂကခန့်မှန်း ထားသည်။ ယင်းငါးဖမ်းပိုက်ကွန် အများစုသည် နိုင်လွန်ဖြင့်ပြုလုပ် ခြင်းကြောင့် နှစ်ပေါင်း ၆၀၀ အ ထဆွေးမြည့်နိုင်ခြင်းမရှိဘဲ ပင် လယ်တွင်းရေနေသတ္တ၀ါများကို အသံတိတ်သတ်ဖြတ်နေသဖြင့် အရေးယူဖြေရှင်းရန်လိုသည်ဟု ပိုက်ကွန်တစ္ဆေရှင်းလင်းရေး လှုပ်ရှားမှုကို ဦးဆောင်သည့်အ ဝေပီလာအပန်းဖြေစခန်းမှ အဏ္ဏ ၀ါဇီဝဗေဒပညာရှင် Marcelo Guimaraes ကပြောသည်။
အဝေပီလာ အပန်းဖြေ စခန်းသည် မြိတ်ကျွန်းစုအတွင်း ပိုက်ကွန် တစ္ဆေရှင်းလင်းရေးလှုပ် ရှားမှုဖြစ်သည့် Myanmar Ocean Project ၏လှုပ်ရှားမှု တွင်လည်း ပူးပေါင်းလုပ်ဆောင် လျက်ရှိပြီး ယင်းတို့နှင့်ပူးပေါင်း ၍ မြိတ်ကျွန်းစုပင်လယ်အတွင်း စွန့်ပစ်ငါးဖမ်းပိုက်ရှင်းလင်းရေး လှုပ်ရှားမှုများကို လာမည့်စက် တင်ဘာ (သို့) အောက်တိုဘာ တွင် လုပ်ဆောင်မည်ဖြစ်သည်။
စွန့်ပစ်ငါးဖမ်းပိုက်များ ရှင်း လင်းရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည် အဝေပီလာသည်မြိတ်ကျွန်းစုအ တွင်းရှိအပန်းဖြေစခန်းနှင့် ဟို တယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တွင် ဟိုတယ်များ Boutique Lodge၊ မိုးပျံပူဖောင်းစွန့်စားခရီး စဉ်များ၊ ရွက်လွှင့်အပန်းဖြေခရီး စဉ်များကို လုပ်ကိုင်နေသော Memories Group လက်အောက် ရှိလုပ်ငန်းတစ်ခုဖြစ်သည်။
No comments:
Post a Comment