‘‘ဇော်လင်းထွန်းကို လက် ထောက်နည်းပြ ခန့်အပ်ဖို့ကို သ ဘောတူထားပြီးပြီ။ ဒီနှစ်မှာတော့ သူကစစ်ကိုင်းနှင့် စာချုပ်ရှိသေး တဲ့အတွက် နှစ်သင်းစလုံးကို ပူး တွဲလုပ်ဆောင်စေမှာပါ။ လာမယ့် နှစ်မှာတော့ အဆင်ပြေမယ်ဆို လက်ရွေးစင်အသင်းမှာလည်း လက်ထောက်နည်းပြအဖြစ်ဆက် လုပ်စေမှာပါ’’ ဟု၎င်းကပြော သည်။
ဦးဇော်လင်းထွန်းသည် ဇွန် လ ၃ ရက်တွင် မြန်မာ့ လက်ရွေး စင်အသင်း စတင်ပြုလုပ်မည့် နိုင်ငံတကာခြေစမ်းပွဲအကြို လေ့ ကျင့်မှုအစီအစဉ်၌ ပူးပေါင်းပါဝင် မည်ဖြစ်သည်။ မြန်မာ့လက်ရွေး စင် ဘောလုံးအသင်းသည် ဇွန်လ ၁၁ ရက်တွင်စင်ကာပူနိုင်ငံ၌ စင် ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း တွင် လက်ထောက်နည်းပြ လုပ် ဆောင်ခွင့်ရသဖြင့် ၀မ်းသာ ကြောင်းနှင့် နိုင်ငံခြားသားနည်းပြ များထံမှ ပညာရပ်များ လေ့လာ သင်ယူမည်ဖြစ်ကြောင်း ဦးဇော် လင်းထွန်းကပြော သည်။
‘‘လက်ရွေးစင်အသင်းမှာ ပူး ပေါင်းပါဝင်ခွင့်ရတဲ့အတွက် အ ဖွဲ့ချုပ်တာဝန်ရှိသူတွေကို ကျေး ဇူးတင်တယ်။ ကျွန်တော့်ရဲ့ နည်း ပြဘ၀လေးနှစ်သက်တမ်းမှာ သူ များတွေလို နိုင်ငံခြားသားနည်းပြနဲ့ တွဲလုပ်ခဲ့ရတဲ့ အတွေ့အကြုံ ကျွန် တော့်မှာမရှိဘူး။ ဒီလိုမျိုးလက် ရွေးစင်မှာ နိုင်ငံခြားသားနည်းပြ တွေနဲ့ တွဲဖက်လုပ်ခွင့်ရတဲ့အချိန် အတွင်းမှာ ရသလောက်ပညာ ယူ သွားပါမယ်’’ဟု ၎င်းက ဆိုသည်။
မြန်မာ့လက်ရွေးစင် ကစား သမားဟောင်း ဦးဇော်လင်းထွန်း သည် ၂၀၁၅ ကစတင်၍ စစ်ကိုင်း အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ကာ ၂၀၁၈ ဘောလုံး ရာသီ၌ မြန်မာလိဂ်-၁ သို့ တန်း တက်အောင် စွမ်းဆောင်နိုင်ခဲ့ သည်။ ယခုနှစ်မြန်မာလိဂ် ပထမ အကျော့အပြီးတွင် စစ်ကိုင်းအ သင်းသည် ငါးပွဲနိုင်၊ လေးပွဲသ ရေ၊ နှစ်ပွဲရှုံး၊ ၁၉ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် (၅) နေ ရာ၌ ရပ်တည်နေသည်။ ထို့အပြင် စစ်ကိုင်းအသင်းသည် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၌ ရတနာပုံအသင်းကို အနိုင်ရကာ အကြိုဗိုလ်လုပွဲအဆင့်သို့ တက် ရောက်ခဲ့သည်။
No comments:
Post a Comment