တရားရုံးထဲသို့ အရောက် တွင် သံချပ်အဖွဲ့ဝင်ကျောင်းသား များနှင့် ၎င်းတို့ကိုဝန်းရံသူများက လက်ထိတ်ဖြုတ်ပေးရန် တောင်း ဆိုခဲ့ကြသည်။ သို့သော်လည်း ရဲ တပ်ဖွဲ့ဝင်များက လက်ထိတ် ဖြုတ်ပေးခြင်းမရှိပေ။
ထမင်းစားရန် လက်ထိတ် ဖြုတ်ပေးမှသာလျှင် အဆင်ပြေ မည်ဖြစ်ကြောင်း၊ ရုံးထုတ်လာ ချိန်တွင် လက်ထိတ်ခတ်လာ သည်ကို လိုက်လျောခဲ့ကြောင်း၊ ယခု လက်ထိတ်ဖြုတ်ပေးရန် လိုအပ်ကြောင်း၊ လက်ထိတ် မဖြုတ်ပေးပါက တရားခွင်ထဲသို့ မ၀င်ကြောင်း သံချပ်အဖွဲ့ဝင် ကျောင်းသားများက ပြောသော် လည်း လက်ထိတ်မဖြုတ်ပေး ခဲ့ပေ။
ထို့နောက် ကျောင်းသားများ ၏ ရှေ့နေဒေါ်စန်းစန်းမြင့်က တ ရားခွင်ထဲမှ ထွက်လာပြီး ယခုကဲ့ သို့ လက်ထိတ်ခတ်ထားသည်မှာ ရဲလက်စွဲနှင့်မညီကြောင်း၊ လက် ထိတ်ဖြုတ်မပေးလျှင် ကျောင်း သားများက တရားခွင်သို့မ၀င်ဟု ပြောထားသဖြင့် တရားခွင်တွင် မစစ်တော့ဘဲ ထောင်အချုပ်သို့ ပြန်ခေါ်သွားနိုင်ပြီဖြစ်ကြောင်း ရဲ တပ်ဖွဲ့ဝင်များကို ပြောကြားခဲ့ သည်။
ဒေါ်စန်းစန်းမြင့်က ထိုသို့ ပြောကြားပြီးသည့်အခါတွင် ရဲအ ရာရှိတစ်ဦးက သံချပ်အဖွဲ့ဝင် ကျောင်းသားများကို လက်ထိတ် ဖြုတ်ပေးခဲ့သည်။ ယင်းနောက် တရားခွင်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဖျော်ဖြေခဲ့သည့် သံချပ်ရုပ်သံဖိုင်အား စစ်ဆေးခဲ့ သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အ ဖွဲ့ဝင်ငါးဦးအား ထောင်အချုပ်မှ ရုံးထုတ်လာသည့်အခါတွင်လက် ထိတ်အတင်းအကျပ်ခတ်ပြီး ခေါ် ဆောင်လာခဲ့ကြောင်း သံချပ်အဖွဲ့ ၀င်ကိုဇေယျာလွင်က ပြောသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်ဗိုလ်တ ထောင်မြို့နယ်တရားရုံး ရုံးထုတ် တွင်လည်း ထိုသို့အတင်းအကျပ် လက်ထိတ် ခတ်ခဲ့သည်ဟုဆို သည်။
‘‘ဒီကနေ့လည်း လက်ထိတ် တွေအတင်းအကျပ်ခတ်ပြီးအဓမ္မ ကျွန်တော်တို့ကိုခေါ်ဆောင်လာ တာတွေရှိတယ်’’ ဟု ကိုဇေယျာ လွင်က ပြောသည်။ ယင်းကဲ့သို့ လက်ထိတ်ခတ်ရခြင်းမှာ တပ်မ တော်၏ဖိအားပေးမှုကြောင့်ဟု ၎င်းကပြောသည်။
ထိုသို့တပ်မတော်၏ ဖိအား ပေးမှုကြောင့် လက်ထိတ်ခတ် သည်ဆိုသည့်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ဖိအားပေးခြင်းမရှိဟု ငြင်းဆန် ထားသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အ ဖွဲ့က ဖျော်ဖြေခဲ့သောသံချပ်စာ သားများထဲတွင် အဖွဲ့အစည်း တစ်ခုကို ပုတ်ခတ်သည့်စကားရပ် မပါကြောင်း၊ အမြီးအမောက် မတည့်မှုကို ထောက်ပြခြင်းသာ ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင်ကိုဖိုး သားက တရားရုံးမှအထွက်တွင် ပြောသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် ဗိုလ်တထောင်ရုံးချိန်းတွင်လည်း ကျောင်းသားများအား လက် ထိတ်ခတ်ပြီး ရုံးထုတ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၀န်းရံ သူတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ် သက်၍ ၀န်းရံသူများထဲမှ ဒေါ်နီ လာသိန်းအပါအ၀င် ငါးဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထား သည်။
No comments:
Post a Comment