အဆိုပါလေ့လာမှုကို အချိန် သုံးလယူထားပြီး မကြာမီအစီရင် ခံစာ ထွက်လာမည်ဖြစ်ကြောင်း၊ တံတားကုန်ကျစရိတ်ပေါ်မူတည်၍ ကိုရီးယားနိုင်ငံ၏ အကူအညီရယူခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဦးကျော်ကောင်းချိုက ပြောသည်။
အဆိုပါတံတား တည် ဆောက်ရန် တိုင်းဒေသကြီးလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးထားကြောင်း ဆိပ် ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ပြောသည်။ လက်ရှိလေ့လာတိုင်းတာမှုသည် ဆိပ်ကြီးခနောင်တို၊ တွံတေးနှင့် ဒလမြို့နယ်အကြား တည်ရှိသည်ဟု ၎င်းကဆိုသည်။ စီမံကိန်းဖြစ်နိုင်ခြေလေ့လာ မှုကို ဇူလိုင် ၄ ရက်တွင် စတင်ခဲ့ သည်။ ရန်ကုန်-ဒလတံတားကို ကိုရီးယားနိုင်ငံမှ ချေးငွေဖြင့် တည်ဆောက်ခြင်းဖြစ်သည်။
No comments:
Post a Comment