
ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁ဝ ရက် နံနက်ပိုင်းမှစတင်ကာ မြင့်တက်လာခြင်းဖြစ်ပြီး မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ကြက်ပေါင် ခြံရပ်ကွက်နှင့် အလယ်ကုန်းရပ် ကွက်ရှိ လူနေအိမ်အချို့တို့၌ ရေ များဝင်ရောက်နေမှုကြောင့် လတ် တလောတွင် နီးစပ်ရာရေဘေးလွတ် ရာအဆောက်အအုံများသို့ တိမ်း ရှောင်ခိုလှုံနေရကြောင်း သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ မှ သိရသည်။
”ရေကြီးလို့ ဒီမှာလာပြောင်း ပြီး နေနေရတယ်။ လောလောဆယ် တော့ ဒီအတိုင်းပဲကိုယ့်ဘာသာကို ချက်စားပြီး နေနေရတယ်” ဟု ကြက်ပေါင်ခြံရပ်ကွက်မှ ကိုနေဇော် က ပြောကြားသည်။
လက်ရှိစာရင်းများအရ အလယ်ကုန်းရပ်ကွက်၌ ရေဘေးသင့်ပြည်သူ ၁ဝ၈ ဦး၊ ကြက်ပေါင်ခြံ ရပ်ကွက်တွင် ၅ဝ၊ စုစုပေါင်း အိမ် ခြေ ၄ဝ ကျော်ရှိနေပြီဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၏ စာရင်းများအရ သိရသည်။
”လက်ရှိ ရေကြီးရေလျှံမှုဖြစ် ပွားနေတဲ့နေရာတွေမှာ မီးသတ် တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေကို အချိန်နဲ့အမျှ ဆောင်ရွက်ပေးနေတယ်။ ဒီမြုပ် နေတဲ့အိမ်တွေကို ပစ္စည်းတွေရွှေ့ ပေးတယ်။ ကျွန်တော်တို့နံနက် ၇ နာရီလောက်ကနေစပြီး ဆောင်ရွက် ပေးပါတယ်။ ရေအတက်အကျကို စောင့်နေတယ်။ ဒီအပေါ်မှာမူတည် ပြီးတော့ ဆောင်ရွက်ပေးသွားမယ်” ဟု မြစ်ကြီးနားမြို့နယ် မီးသတ်တပ် ဖွဲ့စခန်းမှ ဒုဦးစီးမှူး ဦးဝေယံထွေး ကဆိုသည်။
ကြက်ပေါင်ခြံရပ်ကွက်မှ ရေဘေးသင့်ပြည်သူများမှာ လတ်တလောတွင် ပြည်ထောင်စုကြံ့ ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကချင်ပြည် နယ်ရုံး)၌ ခိုလှုံနေကြရပြီး ယခုရေ ကြီးရေလျှံမှု ဖြစ်ပွားနေသည့် နေရာ များသည် ယခင်နှစ်များကလည်း ဖြစ်ပွားခဲ့ဖူးသည်။
No comments:
Post a Comment