Sunday, June 16, 2019

မြောက်ဦးမြို့နယ်တွင် AA ဟု သံသယရှိသူ ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ပြော စစ်ဘေးရှောင်ဒုက္ခသည်များ ပါဝင်ပြီး ပြန်လွှတ်ပေးစေလိုကြောင်း ဒေသခံများဆို

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) အဖွဲ့ဝင်များဟု သံသ ယရှိသည့် မြောက်ဦးမြို့နယ်အ တွင်းမှ ဒေသခံ၂၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တပ်မ တော်သတင်းမှန် ပြန်ကြားရေးအ ဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ အဆိုပါ ၂၅ ဦးကို မြောက် ဦးမြို့နယ် ကျောက်ဆည်ပြင်ကျေး ရွာအနီးတွင် ဇွန်လ ၁၃ ရက် က ဖမ်းဆီးရမိပြီး ကျောက်တော်မြို့ ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု ၎င်းကပြောသည်။ ယင်းရွာအနီး တွင် တပ်မတော်နှင့် AA  တို့ ၁၃ ရက် နံနက်မှ နေ့လယ်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေတွင် ဖမ်းမိခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကဆိုသည်။



‘‘ကျောက်ဆည်ပြင်ကျေးရွာ ရဲ့ အရှေ့ဘက်လောက်မှာပဲ ရွာ အပြင်ဘက်မှာ ဆန်ခါတင် ၂၅  ယောက် ဖမ်းဆီးရမိတယ်။ အဲဒီ ၂၅ ယောက်ကတော့ စမိတဲ့အချိန် မှာ၊ ပဏာမစစ်ဆေးတဲ့အချိန်မှာ အသက် (၂၀) နဲ့ (၃၀) လောက် ပတ်ချာလည်။ ပဏာမစစ်ဆေးတဲ့ အခါမှာ AA အဖွဲ့ဝင်တွေ ဖြစ် တယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသူ ၂၅ ဦးကို သက်ဆိုင်ရာ တရား ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန်  ဆက်လက်ဆောင်ရွက်နေ ကြောင်း ၎င်းကဆိုသည်။

ယင်းဖမ်းဆီးခံထားရသူများ အနက် မြောက်ဦးမြို့နယ် စေတီ တောင် စစ်ဘေးရှောင်စခန်း၌ ခို လှုံနေရသည့် ဆင်အိုးကျေးရွာ သား ခုနစ်ဦးပါဝင်ကြောင်း စေတီ တောင် စစ်ဘေးရှောင်စခန်းမှ  ဆင်အိုးရွာသား ဦးသိန်းရွှေမောင် က ပြောသည်။  ထိုခုနစ်ဦးထဲတွင် အသက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးလည်း ပါဝင် သည်ဟု ၎င်းကဆိုသည်။

 အဆိုပါ  ဆင်အိုးရွာသား ခုနစ်ဦးသည် မူလနေရပ်ဖြစ်သည့် ဆင်အိုးကျေးရွာသို့ သွားရောက် ပြီး စစ်ဘေးရှောင်စခန်းသို့ ပြန်အ လာတွင် ကျောက်ဆည်ပြင်ကျေး ရွာ၌ အဖမ်းခံရခြင်းဖြစ်ကြောင်း  ဦးသိန်းရွှေမောင်က ပြောသည်။ ၎င်းတို့မှာ စစ်ဘေးရှောင်နေရ သော ဒုက္ခသည်များဖြစ်သဖြင့်ပြန်လွှတ်ပေးစေလိုကြောင်း ၎င်းကဆိုသည်။

      ‘‘သူတို့ကို မထိမခိုက်ဘဲလွှတ် ပေးစေချင်တာပေါ့။ ကျွန်တော်တို့က ဒုက္ခသည် ဖြစ်နေတယ်လေ။ ကိုယ့်အိမ်ကိုယ့်ရာမှာမနေရဘဲ တခြားတစ်နေရာမှာ ဖြစ် သလို တဲထိုးပြီးနေရတာပါ။ မထိ မခိုက်ဘဲ ပြန်လွှတ်ပေးစေချင် တယ်’’ဟု ဦးသိန်းရွှေမောင်က ပြောသည်။

လက်ရှိဖမ်ဆီးထားသူများ သည် စစ်ဘေးရှောင်ဒုက္ခသည် များဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ‘‘အရင် တစ်ခါတုန်းကလည်း အဲဒီဘက် မှာဖြစ်ခဲ့ဖူးပြီးပြီ။ လက္ကာကျေးရွာ မှာပေါ့။ လက္ကာကျေးရွာမှာဖြစ်တဲ့ ဟာကျတော့ ကျွန်တော်တို့ပြန် လည် ဆန်းစစ်ကြည့်တဲ့အခါမှာ၊  စတင်ဖမ်းဆီးလိုက်တဲ့အခါမှာ ရွာသားတွေဖြစ်တယ်ပေါ့။ ရွာမှာ အလုပ်လုပ်တဲ့သူတွေ ဖြစ်တယ်။ သို့သော် တကယ်စစ်ဆေးကြည့် တဲ့ အခါမှာတော့ AA အဖွဲ့ဝင် တွေဖြစ်တဲ့အပြင် အဲဒီမှာရှိတဲ့၊ မြောက်ဦးမှာရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ သူတွေဖြစ်တယ်’’ ဟု ရှင်းလင်း သည်။

ပြီးခဲ့သည့် ဧပြီက မြောက်ဦး မြို့နယ် လက္ကာကျေးရွာအနီးမှ  မသင်္ကာဖွယ် ၂၇ ဦးကို တပ်မ တော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၁၈ ဦးသည် AA တပ်ဖွဲ့ဝင်များဖြစ် ကြောင်း၊ ငါးဦးသည် AA ကို ထောက်ခံသည့် အမာခံများဖြစ် ကြောင်း တပ်မတော်ကသတင်း စာရှင်းလင်းထားသည်။ ထို ၂၇ ဦးထဲတွင် သုံးဦးမှာစစ်ဆေးနေ စဉ်အတွင်း သေဆုံးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တပ် မတော်နှင့် AA တို့အကြား စစ်ရေး ပဋိပက္ခများကြောင့် အရပ်သား ၄၀ ကျော်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ဒုက္ခ သည်မှာလည်း ငါးသောင်းကျော် အထိရှိနေသည်ဟု ဆိုသည်။

No comments:

Post a Comment