Sunday, June 16, 2019

ဘဏ္ဍာသိမ်း ကျပ်သိန်း ၂,၅၀၀ ကျော်ကို ဇူလိုင် ၁ ရက် ထီဖွင့်ပွဲ၌ ဆုမဲအဖြစ် ထည့်သွင်းမည်

 ဇူလိုင် ၁ ရက်တွင် ဖွင့် လှစ်မည့် အောင်ဘာလေထီတွင် ဘဏ္ဍာသိမ်းငွေ ကျပ်သိန်း ၂,၅၀၀ ကျော်ကို ဆုမဲအဖြစ် ထည့်သွင်း ဖွင့်လှစ်မည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်ကပြောသည်။ ထီကံစမ်းပြီး ကံထူးသူများ  လာရောက်ထုတ်ယူခြင်းမရှိသည့်ဆုငွေများကို နိုင်ငံ့ဘဏ္ဍာအဖြစ် အပြည့်အ၀သိမ်းယူခဲ့ရာမှ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်ထီ (၅)ကြိမ်မြောက်ကစ၍ ဆုငွေအဖြစ် ပြန်လည်ထုတ်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။



‘‘ဘဏ္ဍာသိမ်းငွေကို ဆုငွေ အဖြစ်နောက်လတွေလည်း ဆက် လက်ထုတ်ပေးသွားမှာပါ။ ဝေေ၀ ဆာဆာဆုအသေးတွေထဲ ထည့် ဖွင့်ပေးမယ်။ ဆုကြီးအဖြစ်နဲ့ ထုတ်ပေးသွားတော့မှာ မဟုတ်ဘူး’’ဟု ဦးကျော်သန့်လွင်ကပြောသည်။

အဆိုပါ ဘဏ္ဍာသိမ်းငွေကို ကျပ်တစ်သိန်းဆု၊ ကျပ်နှစ်သိန်း ဆု၊ ကျပ်သုံးသိန်းဆုနှင့် ကျပ် ၁၀ သိန်းဆုများအတွက် ထည့်သွင်း မည်ဖြစ်သည်။ အဆိုပါဘဏ္ဍာ သိမ်းငွေမှ ထွက်ရှိမည့် ဆုအရေ အတွက်မှာ ၂,၀၀၀ ကျော်ရှိမည် ဟု ဦးကျော်သန့်လွင်က ဆက် လက်ပြောကြားသည်။ ယခု ဘဏ္ဍာသိမ်းငွေမှာ တစ်နှစ်ပြည့် ပြီးချိန်အထိ လာရောက်ထုတ်ယူ ခြင်းမရှိသည့် ကျပ် ၅၀၀ တန်ထီမှ ဆုငွေများဖြစ်သည်။

အောင်ဘာလေသိန်းဆုဌာန က ကျပ်တစ်ထောင်တန်ထီကို တစ်လလျှင် အမြင့်ဆုံးကျပ်သိန်း တစ်သောင်းခွဲဆု အပါအ၀င် ဆုမဲပေါင်း သုံးသိန်းခန့် ဖွင့်လှစ်ပေး နေသည်။ အောင်ဘာလေသိန်းဆုဌာန သည် အမြင့်ဆုံးကျပ်သိန်းတစ် သောင်းခွဲဆုလက်မှတ်နှင့် အက္ခ ရာလွဲပြီး ဂဏန်းအားလုံးတူသည့် ဆုလက်မှတ်ကို ဆုငွေတန်ဖိုး သတ်မှတ်ပေးရန် ရှိသည်ဟု သ တင်း ထွက်ပေါ်နေသော်လည်း လတ်တလောတွင် စီစဉ်ထားခြင်း မရှိသေးဟု ဦးကျော်သန့်လွင်က ပြောသည်။

No comments:

Post a Comment