Sunday, June 16, 2019

မြန်မာ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ထောက်ခံမည်ဟု အီးယူထပ်မံအတည်ပြု အထူးကုန်သွယ်မှုအခွင့်အရေးကို စောင့်ကြည့်နေပြီး ဆက်လက်ဆွေးနွေးမည်

 ဥရောပသမဂ္ဂ(အီးယူ) သည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ချက်များအပေါ် ခိုင်မာစွာဆက် လက်ထောက်ခံမည်ဖြစ်ကြောင်း ဇွန်လ ၁၄ ရက်တွင် အတည်ပြု သည်။ အီးယူက မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့် အထူးကုန် သွယ်မှုအခွင့်အရေး (EBA)များ နှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်နေပြီး ပဉ္စမအကြိမ် မြန်မာ-အီးယူ လူ့ အခွင့်အရေးဆွေးနွေးပွဲအဖြစ် ဇွန်လ ၁၄ ရက်က နေပြည်တော် ၌ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေး ပွဲအပြီး ပူးတွဲသတင်းထုတ်ပြန် ချက်ကို ယမန်နေ့က  ကြေညာရာ ထိုသို့ထည့်သွင်းဖော်ပြသည်။



သို့သော် ပြီးခဲ့သည့်မေလ တွင် ဘရပ်ဆဲလ်၌ကျင်းပသော မြန်မာ-အီးယူအကြီးတန်းအရာရှိ များအစည်းအဝေး၌ EBA ကို မရုပ်သိမ်းသော်လည်း စောင့် ကြည့်ရေးမစ်ရှင်ကို ထပ်မံထား ရှိရန် ဆုံးဖြတ်ခဲ့သည်။

အီးယူသည် မြန်မာအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးလုပ်ငန်းစဉ် နှင့် အသိုက်အ၀န်းအားလုံးပါဝင် သော လူမှု-စီးပွားဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ချက်များအပေါ် ခိုင်မာစွာဆက်လက်ထောက်ခံ မည်ဟု ထပ်လောင်းအတည်ပြုခဲ့ သည်။

တစ်ချိန်တည်းတွင် မြန်မာ နှင့်အီးယူသည် နှစ်ဦးနှစ်ဖက် လက်ခံထားသည့်စံသတ်မှတ် ချက်များနှင့် သက်ဆိုင်ရာနိုင်ငံ တကာလူ့အခွင့်အရေးစံနှုန်းများ အပေါ် အခြေခံ၍ တရားဥပဒေစိုး မိုးရေးနှင့် ကောင်းမွန်သောအုပ် ချုပ်မှုကို တိုးမြှင့်ရန်အတည်ပြုခဲ့ သည်ဟု ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

‘‘ဆွေးနွေးမှုရလဒ်က နှစ် ဖက် အပြုသဘောဆောင်ပါ တယ်။ အီးယူဘက်ကလည်း အ ပြုသဘောဆွေးနွေးတယ်။ ကျွန် တော်တို့ကို ဝေဖန်တိုက်ခိုက်ပြီး၊ အပြစ်တင်ပြီး စွပ်စွဲပုတ်ခတ်ဆွေး နွေးတာမဟုတ်ဘူး။ သူတို့ဆွေး နွေးတာ ကျွန်တော်တို့နားထောင် တယ်။ နားထောင်ပြီး ကျွန်တော် တို့ဆောင်ရွက်နေတာတွေ ရှင်းပြ တယ်။ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ကျွန် တော်တို့ကမှတ်သားထားတယ်’’ ဟု ဆွေးနွေးပွဲတက်ရောက်သူ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးချမ်းအေးက ပြော သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အီးယူ၏စိုးရိမ်ပူပန်မှုသည် လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) အ ပါအ၀င် အခြေခံလူ့အခွင့်အရေး (Fundamental Rights)များ၊ အ လုပ်သမားအခွင့်အရေး (Labour Rights)များဖြစ်သည်ဟု ဆို သည်။

ဆွေးနွေးပွဲတွင် လူ့အခွင့်အ ရေးချိုးဖောက်မှုများအတွက် တာ ၀န်ယူမှု၊ လူသားချင်းစာနာမှုအ ကူအညီများဝင်ရောက်ပေးအပ် ခွင့်အပါအ၀င် ရခိုင်၊ ကချင်၊ ရှမ်း ပြည်နယ်တို့ရှိ အခြေအနေများ၊ အခြေခံအခွင့်အရေးများနှင့်လွတ် လပ်ခွင့်၊ နေရပ်စွန့်ခွာသူများအ တွက် လိုအပ်ချက်များကို ကျယ် ပြန့်စွာဆွေးနွေးခဲ့သည်ဟု ထုတ် ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် စီးပွားရေးနှင့် လူ မှုအခွင့်အရေး၊ ရွှေ့ပြောင်းသွား လာမှုနှင့် နိုင်ငံတကာမျက်နှာစာ တွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စ ရပ်များ၌ ပူးပေါင်းဆောင်ရွက် ရေးအပါအ၀င် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကိုကျယ်ပြန့် စွာဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယင်းဆွေးနွေးပွဲကို မြန်မာ အစိုးရကိုယ်စားအပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဦးကျော်တင်က ခေါင်းဆောင် ပြီး အီးယူကိုယ်စား လူ့အခွင့်အ ရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာအီမွန်ဂီလ်မိုးက ခေါင်း ဆောင်သည်။

မြန်မာ-အီးယူလူ့အခွင့်အ ရေးဆိုင်ရာ ဆွေးနွေးပွဲကို တစ် လှည့်စီကျင်းပနေပြီး လာမည့် ဆဋ္ဌမအကြိမ်ဆွေးနွေးပွဲကို၂၀၂၀ ပထမနှစ်ဝက်အတွင်း ဘရပ် ဆဲလ်၌ ကျင်းပမည်ဖြစ်သည်။ အထက်ပါအီးယူ၏ လူ့အ ခွင့်အရေးဆိုင်ရာအထူးကိုယ်စား လှယ်သည် ယင်းဆွေးနွေးပွဲတက် ရောက်ရန် နေပြည်တော်သို့နှစ် ရက်ကြာလာရောက်ပြီး နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးအပါအ၀င် အစိုးရထိပ် တန်းအရာရှိများနှင့် တွေ့ဆုံခဲ့ သည်။

No comments:

Post a Comment