Sunday, June 16, 2019

တစ်သျှူးငှက်ပျောစိုက်ခင်းများအတွင်း ဓာတုဆေးသုံးစွဲမှုရှိ၊ မရှိ စစ်ဆေးနေ၊ ရလဒ်ကို ပြည်ထောင်စုအစိုးရသို့ တင်မည်

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲမှုရှိ၊ မရှိ အမျိုး သားလွှတ်တော်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးကော်မတီက ကွင်းဆင်း စစ်ဆေးနေပြီး စစ်ဆေးမှုအခြေအ နေကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြမည်ဖြစ်သည်။ တစ်သျှူးငှက်ပျောအများအ ပြား စိုက်ပျိုးထားသော ၀ိုင်းမော် နှင့် မိုးမောက်မြို့နယ်အပါအ၀င်  ဒေသတွင်းရှိ တစ်သျှူးငှက်ပျော စိုက်ခင်းများကို ဇွန်လ ၁၄ ရက် က စတင်ကွင်းဆင်းစစ်ဆေးနေ ကြောင်း ကော်မတီဝင် ဒေါက်တာ ခွန်ဝင်းသောင်းနှင့် ဦးစောယှား ဖောင်အွာက ပြောသည်။



‘‘ကော်မတီက လိုက်စစ်နေ ပြီ။ ဒီက မြေသားနမူနာတွေရော၊ ပိုးသတ်ဆေး နမူနာတွေရောကို ယူသွားကြတယ်။ ဒါကို ပြည် ထောင်စုအစိုးရဆီ တင်မယ်လို့ သိရတယ်’’ဟု ၀ိုင်းမော်မြို့နယ်ရှိ တစ်သျှူးငှက်ပျောခင်းများကို စစ် ဆေးရာတွင် စစ်ဆေးရေးအဖွဲ့နှင့် အတူ လိုက်ပါသည့် ကချင်ပြည် နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြန်ကြားရေးကော်မတီ ၀င် ဦးဉာဏ်ထွန်းက ပြောသည်။

ကော်မတီက မြေပြင်ကွင်း ဆင်းစစ်ဆေးနေပြီး လတ်တ လော စစ်ဆေးမှုအခြေအနေကို ပြောကြားနိုင်ခြင်းမရှိသေးဘဲအစီ ရင်ခံစာ ရေးသားထုတ်ပြန်မည်ဟု အမျိုးသားလွှတ်တော်စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီဝင် အချို့က ပြောသည်။

စစ်ဆေးရေးအဖွဲ့နှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း လည်း လိုက်ပါခဲ့သည်။ ကချင် ပြည်နယ်ရှိ တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကဏ္ဍတွင် တရား မ၀င်ဓာတုဆေးသုံးစွဲမှု ရှိ၊ မရှိ တင်းတင်းကျပ်ကျပ် ကိုင်တွယ် စစ်ဆေးမည်ဖြစ်ကြောင်း ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြား သည်။

မြေပြင်ကွင်းဆင်းစစ်ဆေး နေစဉ်အတွင်း ၀န်ကြီးဦးကျော် ကျော်ဝင်းက ‘အစစ်ဆေးခံရမည့်  တစ်သျှူးငှက်ပျောစိုက်ခင်းသုံး သွင်းအားစုများ’ ဟု ရေးသားကာ မြန်မာ-တရုတ် ဘာသာစကား များပါသော စိုက်ပျိုးရေးဆေးဝါး တံဆိပ်အချို့၏ဓာတ်ပုံများကို ၎င်း၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် တင်ထားသည်။

ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၁ခုဖြင့်ဖွဲ့စည်း ထားသော မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဆိုင်ရာကွန်ရက်အဖွဲ့က ၂၀၁၈ အတွင်း ပြုလုပ်သော သု တေသနစာတမ်းတွင် ဒေသတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ အန္တရာယ်ရှိ ဓာတုဆေးဝါးသုံးစွဲမှုရှိနေသည် ဟု သတိပေးထားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဒေသ တွင်းတစ်သျှူးငှက်ပျော တရား မ၀င်စိုက်ပျိုးနေမှုများ စိစစ်ထိန်း ချုပ်ရန်လိုအပ်ကြောင်း သတိပေး သည်။

‘‘ကြိုအသိမပေးဘဲ သေချာ စစ်လိုက်ရင် တရားမ၀င်ဓာတု ဆေးဝါးတွေသုံးစွဲထားတာ သေ ချာပေါက်တွေ့ရမှာပါ။ ကာယကံ ရှင် အလုပ်သမားတွေကလည်း သူတို့တွေ အဲဒီဆေးဝါးတွေ ကိုင် တွယ်သုံးစွဲနေရတယ်ဆိုတာပြော နေကြတာပဲ’’ဟု ဒေသတွင်းရှိ တစ်သျှူးငှက်ပျောစိုက်ခင်းများ အတွင်းပြဿနာများကို ကူညီ ဖြေရှင်းနေသည့်   ၀ိုင်းမော်မြို့ နယ် ၀ါရှောင်ကျေးရွာ သီတလရံ သီကျောင်းတိုက်မှ ၀ါရှောင်ဆရာ တော်ဦးဝိဇယက မိန့်ကြားသည်။ အမျိုးသားလွှတ်တော်စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကွင်းဆင်းစစ်ဆေးမှုသည် ဇွန်လ ၁၄ ရက်တွင် စတင်ပြီး ယနေ့ (ဇွန်လ ၁၆ ရက်) ပြီးဆုံးမည်ဖြစ် သည်။

No comments:

Post a Comment