Sunday, June 16, 2019

လေလွင့်ခွေးပြဿနာ ဘယ်လိုအဖြေရှာ

ရန်ကုန်မြို့နှင့် မိုင် ၂၀ ခန့် ဝေးသော ပဲခူးရိုးမအစပ်ရှိ နှစ်ဧကကျော်ကျယ်သည့် ခြံဝင်းတစ်ခုအရှေ့ သို့ သူစိမ်းတစ်ဦး ရောက်သည်နှင့် ရာနှင့်ချီသော ခွေးများစွာ၏ အဆက်မပြတ် ထိုးဟောင်သံများ ကို ကြားလိုက်ရသည်။ အုတ်တံတိုင်းဖြင့် လုံခြုံစွာ ကာရံကာ သံပန်းတံခါးတပ်ဆင် ထားသည့် ထိုခြံဝင်းမှာ တိရစ္ဆာန် အထူးကုဆရာဝန် ဒေါက်တာနေ လင်းထွန်းက လမ်းဘေးခွေးများ ကို စောင့်ရှောက်ပေးနေသည့် EART အမည်ရှိ ဂေဟာဖြစ်သည်။ ခြံဝင်းအတွင်းသို့ သူစိမ်း ဧည့်သည်များ ဝင်ရောက်ပါက ဟောင်နေသော ခွေးများမှာ ယင်း သူစိမ်းအနီးသို့ အလုအယက်တိုးကပ်ကြသည်။



‘‘သူတို့က အစာလာလှူတဲ့ သူထင်လို့ ကြိုကြတာ’’ဟု ယင်း ဂေဟာဝန်ထမ်း မခင်နွယ်ဦးက ပြောသည်။

အဆိုပါဂေဟာကို လွန်ခဲ့ သည့်သုံးနှစ်ခန့်က ခွေးကောင်ရေ ၄၀ ခန့်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကောင်ရေ ၅၀၀ ခန့်အထိ တစ်ဟုန်ထိုးမြင့်တက်လာ သည့် ဂေဟာတစ်ခုဖြစ်သည်။

၂၀၁၈ နှစ်ကုန်ပိုင်းက ယင်း ဂေဟာတွင် စောင့်ရှောက်ပေး ထားသည့် ခွေးကောင်ရေ ၂၅၀ ကျော်သာ ရှိခဲ့သဖြင့် လပိုင်းအ တွင်း ခွေးကောင်ရေထက်ဝက်ခန့် တိုးလာခြင်းလည်းဖြစ်သည်။

ယင်းသို့ ခွေးကောင်ရေတိုး လာခြင်းမှာ လေလွင့်ခွေးများကို အဆိပ်ချရှင်းလင်းမည်ကို မလို လားသော တိရစ္ဆာန်ချစ်သူများက ဂေဟာသို့ လာရောက်ပို့ဆောင် ခြင်းကြောင့်ဖြစ်သည်ဟု ယင်းဂေဟာထူထောင်သူ ဒေါက်တာ နေလင်းထွန်းက ပြောသည်။

‘‘အခုနောက်ပိုင်းက ရပ် ကွက်အလိုက်တွေ ပြဿနာ ပေါင်းစုံတွေဖြစ်လာတော့ တစ်ခါ တစ်ခါပို့ရင် အရင်လိုတစ်ကောင် စ၊ နှစ်ကောင်စ မဟုတ်တော့ဘူး ၁၀ ကောင်၊ ၁၅ ကောင် ဖြစ်လာ တယ်။ မနေ့က (ဇွန်လ ၉ ရက်) ဆို ၃၆ ကောင်ပို့တယ်’’ ဟု ဒေါက်တာနေလင်းထွန်းက ပြော သည်။

ရန်ကုန်မြို့တွင် ယခုလများ အတွင်း လုပ်ဆောင်နေသည့် လမ်းဘေးလေလွင့်ခွေး ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ၏ အကျိုး ဆက်အဖြစ် ယင်းသို့ကြုံတွေ့နေ ရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းဘေးခွေး စောင့်ရှောက်ရေး ဂေဟာ ငါးခုထက်မနည်းရှိပြီး စောင့်ရှောက်ပေးရသည့် ခွေး ကောင်ရေတိုးပွားမှုကို EART ဂေ ဟာအပြင် အခြားဂေဟာများတွင် လည်း ယခုလပိုင်းအတွင်း သိသိ သာသာ ကြုံတွေ့လာရသည်။

‘‘အဆိပ်ချမှာ စိုးလို့ဆိုပြီး လာပို့တဲ့ ခွေးတွေများတယ်။ တိရစ္ဆာန်ချစ်သူဆိုတဲ့သူတွေ လာ လာပို့ကြတာ’’ဟု မှော်ဘီမြို့နယ် တွင် ဖွင့်လှစ်ထားသည့် ကရုဏာ ပုံရိပ် ခွေးစောင့်ရှောက်ရေး ဂေ ဟာမှ စောင့်ရှောက်ရေးတာဝန်ခံ ဆရာတော်ဦးကဝိသာရက မိန့် သည်။

အဆိုပါဂေဟာသို့ ပြီးခဲ့သည့်  တစ်လအတွင်း ခွေးကောင် ရေ ၁၀၀ ခန့် လာပို့ခဲ့ရာ လက်ရှိ အချိန်တွင် စောင့်ရှောက်ပေးထား ရသည့်ကောင်ရေ ၃၀၀ ခန့် ရှိ သည်ဟု ဆရာတော်က မိန့်သည်။

ရန်ကုန်မြို့တွင် လမ်းဘေး ခွေးကောင်ရေတိုးပွားကာ ခွေးကိုက်ခံရမှုဖြစ်စဉ် မကြာခဏဖြစ်ပေါ်နေခြင်းကို ဖြေရှင်းပေးရန် အစိုးရအား အစဉ်တစိုက် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ သည်။ လက်ရှိတွင် ယင်းပြဿနာ သည် အရေးကြီးပြဿနာတစ်ခု အဖြစ် တစ်ကျော့ပြန် ကြီးထွားလာခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦး စီးဌာန၏ တွက်ချက်မှုအရ မြန်မာ နိုင်ငံတစ်ဝန်း ခွေးကောင်ရေ ၃ ဒသမ ၈ သန်းရှိကာ ၇၀ ရာခိုင် နှုန်းသည် ခွေးလေခွေးလွင့်များ ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင် လမ်းဘေးခွေး အရေအတွက် ကောင်ရေ နှစ်သိန်းရှစ်သောင်း ခန့်ရှိနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခန့်မှန်းထားသည်။

၂၀၁၆ က ရန်ကုန်တွင် ပြု လုပ်သော သုတေသနတစ်ခုအရ ခွေးနှစ်ကောင်လျှင် တစ်ကောင် သည် ခွေးရူးရောဂါပိုးရှိနိုင်သည် ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် တစ်နှစ် လျှင် လူ ၁,၀၀၀ ကျော် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးနေရ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ခန့်မှန်းထားသည်။ လက်ရှိ တွင် လမ်းဘေးခွေးလေခွေးလွင့် ပြဿနာကို လူအများစုက စိုးရိမ် နေကြပြီး အလျင်အမြန်ဖြေရှင်း ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒ ရှိနေသည်။

‘‘ကလေးတွေ အပြင်ထွက် ရင်လည်း စိတ်ပူရတယ်။ ကိုယ် ကိုယ်တိုင်လည်း လမ်းဘေးခွေး ကိုက်မှာစိုးလို့ အပြင်ထွက်ဖို့ တောင် ကြောက်နေရတဲ့အခြေအ နေဖြစ်တဲ့အတွက် ဖြေရှင်းပေးဖို့ ပဲတောင်းဆိုချင်တယ်’’ဟု စမ်း ချောင်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်စန်းစန်းကပြောသည်။လမ်းဘေးလေလွင့်ခွေး တိုး ပွားမှုနှင့် နောက်ဆက်တွဲပြဿနာ သည် လွန်ခဲ့သည့် ဆယ်စုနှစ်များ စွာကတည်းက မြို့နေလူထုကို ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်ကာ အစိုးရအဆက်ဆက် အောင်မြင် အောင်မဖြေရှင်းနိုင်ခဲ့ပေ။

 လေလွင့်ခွေးပြဿနာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ‘‘ဒီကဏ္ဍ ဟာ ပြည်သူတွေကြားမှာ အငြင်း ပွားနေတုန်းပဲ ရှိပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဒီ အသံတွေကို ကျွန်တော်တို့ သေ သေချာချာ နားထောင်ပါမယ်။ ပြည်သူအများစုရဲ့ဆန္ဒနဲ့ အစိုးရ က ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်’’ဟု ဇွန်လ ၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသက်တမ်းထက်ဝက်ခန့်တွင် ပြု လုပ်ခဲ့သည့် ရန်ကုန်စည်ပင်ရွေး ကောက်ပွဲ၌ အနိုင်ရရှိပြီး ဒုတိယ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရ သည့် ဦးစိုးလွင်က ယင်းပြဿနာ ကို ဖြေရှင်းမည်ဆိုသည့်ကတိဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခြင်းဖြစ်သည်။

ထို့ကြောင့် အနှစ်နှစ်၊ အလ လ မဖြေရှင်းနိုင်ခဲ့သည့် ယင်း ပြဿနာကို ဒုတိယမြို့တော်ဝန် က မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်း မည်ကို မြို့နေလူထုက မျှော်လင့် ခဲ့သည်။

ဦးစိုးလွင်အနေဖြင့် ဒုမြို့တော်ဝန် တာဝန်စတင်ထမ်း ဆောင်ချိန်ကစ၍ လမ်းဘေးလေ လွင့်ခွေးထိန်းချုပ်ရေးစီမံချက်ကို ဦးစားပေးလုပ်ဆောင်လာခဲ့သော် လည်း တိရစ္ဆာန်ချစ်သူဆိုသူများ က လမ်းဘေးလေလွင့်ခွေးထိန်း ချုပ်ရှင်းလင်းရေးလုပ်ငန်းအပေါ် ကန့်ကွက်တားမြစ်မှုများ ရှိခဲ့ သည်။ တိရစ္ဆာန်ချစ်သူများက  လမ်းဘေး လေလွင့်ခွေးများကို အဆိပ်ချရှင်းလင်းသည့် နည်း လမ်းကို မလိုလားသဖြင့် ကန့် ကွက်ခြင်းဖြစ်သည်။

ထို့အပြင် ကမ္ဘာ့တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (World Veterinary Society)က လမ်းဘေး လေလွင့်ခွေးများကို သတ်ဖြတ်ခြင်း မပြုလုပ်ရန် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံ တောင်းဆိုထား သည်။ ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် လမ်းဘေးခွေးများကို အဆိပ်ချရှင်းလင်းသည့် နည်းလမ်းကို ယခုနှစ်လယ်ပိုင်းကစ၍ ရပ်နားခဲ့သည်။

ထို့နောက် လမ်းဘေးလေ လွင့်ခွေး ထိန်းချုပ်ရေးအတွက် သင်းကွပ်ခြင်း၊ သားဆက်ခြား ခြင်း၊ သားအိမ်ထုတ်ခြင်းနှင့် ဆိုး သွမ်းသည့်ခွေးများအား စောင့် ရှောက်ရေးဂေဟာသို့ ပို့ဆောင် ခြင်း စသည့်နည်းလမ်းများကို ဦးစားပေး ပြောင်းလဲကျင့်သုံးခဲ့ သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ဧပြီ လကစ၍ ကျောက်တံတား၊ လှိုင်၊ မင်္ဂလာတောင်ညွန့် စသည့်မြို့ နယ်များရှိ ရပ်ကွက်အချို့မှ လမ်း ဘေးလေလွင့်ခွေးများကို စီမံချက် ဖြင့် သားဆက်ခြားခြင်း၊ သင်း ကွပ်ခြင်းနှင့် သားအိမ်ထုတ်ခြင်း လုပ်ငန်းများကို နိုင်ငံတကာအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ သည်။

‘‘အခုလုပ်နေတဲ့ဟာတွေကို ပူးပေါင်းပါဝင်ကြပါ။ အားပေး ကြပါ။ ဒီနည်းနဲ့ပဲ ဖြေရှင်းလို့ရ မယ်။ YCDC တစ်ခုတည်းနဲ့ ဖြေ ရှင်းလို့မရပါဘူး။ အကုန်လုံး ပူး ပေါင်းပါဝင်လာမှရမှာ’’ဟု ဒုမြို့ တော်ဝန် ဦးစိုးလွင်က မေလကုန် ပိုင်းတွင် သတင်းထောက်များ အား ပြောကြားသည်။

အဆိုပါနည်းလမ်းများကို စင်ကာပူ၊ ထိုင်း စသည့် အရှေ့ တောင်အာရှနိုင်ငံများတွင် ကျင့် သုံးကာ လမ်းဘေးလေလွင့်ခွေး လျော့နည်း ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

‘‘မြို့နယ်အားလုံးကို စီမံ ချက်နဲ့လုပ်သွားဖို့ တိုင်းက ညွှန် ကြားထားတယ်။ လက်ရှိမှာ အ ဆိုးဆုံးရပ်ကွက်တွေကို ရွေးချယ် ပြီး လုပ်နေတယ်’’ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးခင် လှိုင်က ပြောသည်။

သို့သော် အဆိုပါနည်းလမ်း များကို ရေရှည်ပြုလုပ်နိုင်ရန်၊ ဘတ်ဂျက်လုံလောက်စွာ ရရှိရန် လိုအပ်သဖြင့် စီမံချက်တစ်မြို့လုံး လွှမ်းခြုံဆောင်ရွက်ရန် စိန်ခေါ်မှု ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လမ်းဘေးလေလွင့်ခွေးများ ကို သတ်ဖြတ်ရှင်းလင်းခြင်းထက် ယခုကဲ့သို့နည်းလမ်းများကို အ သုံးပြုခြင်းမှာ တိရစ္ဆာန်ချစ်သူများ နှင့် ထိပ်တိုက်အငြင်းပွားစရာ မဖြစ်နိုင်သကဲ့သို့ ရေရှည်အတွက် အကျိုးရှိသဖြင့် ဆက်လက်လုပ် ဆောင်ရန် သင့်လျော်သည်ဟု စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပြုသည်။

‘‘အချိန်အတိုင်းအတာတစ် ခုတော့ စောင့်ရမယ်။ နိုင်ငံတကာ မှာလည်း ဒီလိုပဲဆောင်ရွက်သွား တာတွေ့ရတဲ့အတွက် ဒါသည် ဒီခေတ်၊ ဒီအခါနဲ့ အလျော်ညီဆုံး ဆောင်ရွက်တဲ့နည်းလမ်းပါ’’ ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် တိုင်း လွှတ်တော်အမတ်ဦးကျော်ကျော် ထွန်းက ပြောသည်။

သို့သော် လမ်းဘေးလေလွင့် ခွေးထိန်းချုပ်ရေး စီမံချက်များ တွင် မူလနည်းလမ်းဖြစ်သည့် အ ဆိပ်ချ ရှင်းလင်းသည့်နည်းဖြင့် လုပ်ဆောင်မည်ကို တိရစ္ဆာန်ချစ်သူများက စိုးရိမ်မကင်းရှိနေသည်။

ထို့ကြောင့် ၎င်းတို့က စီမံ ချက်ဝင်ရောက်မည့်သတင်းကြား သည့် မြို့နယ်များမှ လမ်းဘေး လေလွင့်ခွေးများကို ဖမ်းဆီးကာ ခွေးစောင့်ရှောက်ရေးဂေဟာများ သို့ ပို့ဆောင်သည်။

ယင်းသို့ ဆောင်ရွက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ပရဟိတ လုပ်ဆောင်နေသည့် လမ်းဘေး လေလွင့်ခွေးစောင့်ရှောက်ရေး ဂေဟာများတွင် ခွေးကောင်ရေ တစ် ဟုန်ထိုး မြင့်မားမှုကြုံတွေ့လာ ရသည်။ တိရစ္ဆာန်ချစ်သူအများစု သည် ခွေးများကို ဂေဟာသို့ပို့ပြီး ပါက ပြန်လှည့်ကြည့်လေ့မရှိဘဲ ဂေဟာကသာ အပြည့်အ၀တာဝန် ယူကြရသည်ဟု ဆရာတော်ဦးက ၀ိသာရက မိန့်သည်။

‘‘တိချစ်သူတွေကို ဘယ်လို ပြောချင်လဲဆို အခုလိုမျိုး ဖေ့စ် ဘွတ်ခ်ကနေ အော်နေတာထက် စာရင် ကိုယ်နိုင်သလောက် တာ ၀န်ယူပြီးမွေးလိုက်။ ဒါမှမဟုတ် ဘူးဆိုလည်း ဒီလိုလက်ခံထားတဲ့ ခြံအများစုကို ၀ိုင်းဝန်းကူညီကြ။ အဲဒါမျိုးဆိုရင်တော့ ပိုအဆင်ပြေ တာပေါ့’’ဟု ဒေါက်တာနေလင်း ထွန်းက ပြောသည်။

လမ်းဘေးခွေးများကို စောင့် ရှောက်သည့် ဂေဟာများထံ သွား ရောက်လှူဒါန်းရန် ဆန္ဒရှိသော် လည်း အဆက်အသွယ်မရှိသဖြင့် မလှူဒါန်းဖြစ်ခြင်းများ ရှိခဲ့ ကြောင်း တိရစ္ဆာန်ချစ်သူ မဒါလီ ကပြောသည်။

‘‘ဘယ်မှာဘယ်လိုလှူရမလဲ  မသိတာတစ်ချက်ပေါ့။ ခွေးဂေ ဟာ သိတယ်။  ကိုယ်တိုင်လည်း  သွားပို့ဖူးပြီး ကူညီထောက်ပံ့မှုမ လုပ်တာမျိုးကိုတော့ ကျွန်မလည်း သဘောမကျဘူး။ နေရာသိရင် သူငယ်ချင်းတွေနဲ့စုပြီး သွားလှူ မယ်’’ဟု ၎င်းကပြောသည်။

ဒေါက်တာနေလင်းထွန်း အ နေဖြင့် ၎င်း၏ဂေဟာတွင် ခွေး ကောင်ရေ ၅၀၀ ပြည့်ပါက ထပ်မံ လက်မခံတော့ရန် ဆုံးဖြတ်ထား သည်။

‘‘ဘာကြောင့်လဲဆိုတော့ တစ်နေ့ကို အရင်က ဆန်နှစ်အိတ် အဲဒီနေက လေးအိတ်၊ အခုဆို ခြောက်အိတ်ဖြစ်သွားပြီ။ သူတို့ တွေလည်း ၀၀လင်လင်မစားနိုင် တော့ဘူးလေ’’ဟု ဒေါက်တာနေ လင်းထွန်းကပြောသည်။

အဆိုပါ လမ်းဘေးခွေး  စောင့်ရှောက်ရေးဂေဟာများတွင်  ခွေးကောင်ရေအပေါ် မူတည်၍  ကျွေးမွေးစရိတ်မှာ တစ်ရက်လျှင် ကျပ်ငါးသောင်းမှ တစ်သိန်းခွဲအထိ ကုန်ကျပြီး ဂေဟာထူထောင်သူများကသာ အဓိကစိုက်ထုတ် သုံးစွဲနေရခြင်းဖြစ်သည်။

‘‘ခွေးတွေလာပို့ပြီးရင် တာ ၀န်ယူမှုမရှိဘူး။ ပါးစပ်ကပဲ ချစ် တယ်ပြောနေကြလို့မရဘူး။ တ ကယ်ချစ်ရင် ဂေဟာတွေကိုကြည့် ရှုစောင့်ရှောက်ဖို့ လိုတယ်’’ ဟု  ဆရာတော်ဦးက၀ိသာရက မိန့် သည်။

ခွေးဂေဟာ တည်ထောင်သူ    တို့အနေဖြင့် လမ်းဘေးလေလွင့် ခွေးများ သတ်ဖြတ်ရှင်းလင်းခြင်း  ကို သဘောမတူသည့်ဘက်တွင် ရှိကာ ထိရောက်သည့် ဖြေရှင်း နည်းကို လိုလားကြောင်း ပြော သည်။ ‘‘သက်ဆိုင်ရာအနေနဲ့ ရေ ရှည်အတွက် စဉ်းစားပြီးလုပ်ဖို့ပဲ ပြောချင်တယ်။  ဦးပဉ္စင်းတို့က တော့ အလှူရှင်မရှိလည်း နိုင် သလောက်နဲ့ တစ်ဖက်တစ်လမ်း  က ထိန်းသိမ်းစောင့်ရှောက်မှုကို  ဆက်လုပ်နေမှာပဲ’’ဟု ဦးက၀ိသာရကမိန့်သည်။

No comments:

Post a Comment