Sunday, June 16, 2019

ဝင်ခွင့် တိုက်ရိုက်ခေါ်ယူမည့် တက္ကသိုလ်သုံးခု ထပ်တိုး ဝင်ခွင့်တိုက်ရိုက် လျှောက်ရမည့် တက္ကသိုလ် ၁၄ ခုရှိလာ

 ယခုနှစ်တွင် ဝင်ခွင့်တိုက်ရိုက်ခေါ်မည့် တက္ကသိုလ်သုံးခု ထပ်တိုးထားပြီး တိုက်ရိုက်ဝင်ခွင့် လျှောက်ရမည့် တက္ကသိုလ် ၁၄ ခုဖြစ်လာကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အောင် အောင်မင်းက ပြောသည်။ြ မန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ  တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၊ ရန်ကုန်ကွန်ပျူ တာတက္ကသိုလ်တို့ကို ဝင်ခွင့်တိုက် ရိုက်ခေါ်ယူမည့် တက္ကသိုလ်များအဖြစ် ထပ်တိုးထားခြင်းဖြစ် သည်။



နှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှု အ မြင့်ဆုံးစာရင်းဝင် တက္ကသိုလ် ၁၁ ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်း ပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံ ခြားဘာသာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မန္တလေး  နိုင်ငံခြားဘာသာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့က ပြီးခဲ့သည့် ၂၀၁၈ကစကာ ဝင်ခွင့် တိုက်ရိုက်ခေါ်ယူသည့် စနစ်သစ်စတင်ကျင့်သုံးခဲ့သည်။

ဇွန်လကတည်းက ဝင်ခွင့်များခေါ်ယူပြီး ယင်းတက္ကသိုလ် များအနက် တက္ကသိုလ်ခြောက်ခု က တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်သတ်မှတ်ထားသည့်အပြင် လူ တွေ့စစ်ဆေးခဲ့သည်။

‘‘ဒီနှစ် ၁၄ ကျောင်းဖြစ်သွား တယ်။ သုံးကျောင်းထပ်တိုးလာ တာ။ အဲဒီကျောင်းတွေ လျှောက် ချင်ရင် ကိုယ်ကြိုက်တဲ့ ကျောင်း မှာ သီးသန့်သွားလျှောက်ရမှာ ပေါ့’’ဟု ဒေါက်တာအောင်အောင် မင်းက ဆိုသည်။

ထိုတက္ကသိုလ်များ၏ ဝင်ခွင့် ကို ယခင်နှစ်များကဲ့သို့ တက္က သိုလ်ဝင်ခွင့်လမ်းညွှန်ပါ လျှောက် လွှာတွင် ထည့်မလျှောက်ရတော့ ဘဲ တက္ကသိုလ်များက သတင်းစာ မှတစ်ဆင့်   ခေါ်ယူချိန်တွင် တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ တစ်ဦးလျှင် ထိုကျောင်း ၁၄ ကျောင်းအနက် နှစ်သက်ရာ ကျောင်းသို့ အရေအတွက်အကန့် အသတ်မရှိ လျှောက်ထားနိုင်ပြီး ထိုတက္ကသိုလ်များသို့ လျှောက် ထားလာသူများကို သက်ဆိုင်ရာ တက္ကသိုလ်ကသာ ဝင်ခွင့်စိစစ်ရွေးချယ်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ က ၁၁ ကျောင်းအနက် နှစ်သက် ရာကျောင်းသို့ အရေအတွက် အကန့်အသတ်မရှိ လျှောက်ထားနိုင်ခြင်းကြောင့် တစ်ကျောင်း ထက်ပို၍ ဝင်ခွင့်ရသူများ ရှိခဲ့ သည်။ ကျောင်း ၁၁ ကျောင်းတွင် ဝင်ခွင့်ရပြီး ကျောင်းမအပ်ခဲ့သူ များသည် တက္ကသိုလ်ဝင်ခွင့် ဖောင်တွင် ထည့်လျှောက်ထား သည့် တက္ကသိုလ်များသို့လည်း ဝင်ခွင့်ရခဲ့သည်။ ထိုသို့ လူထပ်မှု များကြောင့် တိုက်ရိုက်ခေါ်ယူ သည့် တက္ကသိုလ် ၁၁ ခုသို့လည်း ဝင်ခွင့်မလျှောက်၊ တက္ကသိုလ်ဝင် ခွင့်ဖောင်တွင်လည်း ဆေးတက္က သိုလ်တစ်ခုကိုသာ ဦးစားပေး လျှောက်သူများသည် တက္ကသိုလ် ဝင်ခွင့်ရရန် အခက်တွေ့ခဲ့ရ သည်။

No comments:

Post a Comment