Sunday, June 16, 2019

အသက်မပြည့်သေးသော ကျောင်းသူ ၂၅ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် စက်ရုံသူဌေး ကွပ်မျက်စီရင်ခံရ

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်၊ ခိုင် ဖုန်မြို့မှ ဂျုံမှုန့်လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး ခိုင် ဖုန်ကုန်သည်များအသင်းဒုဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူဌေးကြီးကျောက်ကျီယုံကို ကွပ် မျက်စီရင်ခဲ့ပြီဖြစ်ကြောင်း ခိုင်ဖုန်ပြည်သူ့ တရားရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သူဌေးကြီးကျောက်ကျီယုံက အသက်မ ပြည့်သေးတဲ့ ကျောင်းသူ ၂၅ ဦးကို အဓမ္မ ပြုကျင့်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက သေဒဏ်စီရင်ချက်ချမှတ်ခံထားရကာ စီရင်ချက်အတိုင်း ကွပ်မျက်စီရင်ခံရတာ ဖြစ်တယ်လို့ တရုတ်အခြေစိုက်သတင်း တွေမှာ ဖော်ပြထားခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မေလကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအ တွင်း သူဌေးကြီးကျောက်က အသက်မ ပြည့်သေးတဲ့ကျောင်းသူတွေကို ကြားခံ လူကနေတစ်ဆင့် ဟိုတယ်နဲ့ သူရဲ့အိမ်ဆီ ခေါ်ယူပြီး အတင်းအဓမ္မသားမယားပြု ကျင့်ခဲ့တာဖြစ်တယ်လို့ တရားရုံးရဲ့သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျောင်း သူတွေကို သူဌေးကြီးကျောက်ဆီ ခေါ် ဆောင်ပေးသူဖြစ်တဲ့ လီနာဆိုသူကလည်း ကျောင်းသူတွေ သူဌေးကျောက်နဲ့ အတူ အိပ်စေဖို့ ရိုက်နှက်နှိပ်စက်မှုတွေအပြင် ကျောင်းသူတွေရဲ့ကိုယ်လုံးတီးနဲ့ဓာတ်ပုံ တွေ ရိုက်ကူးထားပြီး ခြိမ်းခြောက်မှုတွေကို ပါကျူးလွန်ထားခဲ့အတွက် သေဒဏ်စီရင် ချက်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ သူဌေးကျောက်ထံမှာ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူ၂၅ ဦးလုံးက အသက်မပြည့် သေးသူတွေဖြစ်ပြီး ဒီထဲက ၁၄ ဦးက အ သက် ၁၄ နှစ်တောင် မပြည့်သေးသူတွေ ဖြစ်တယ်လို့ တရားရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

No comments:

Post a Comment