Sunday, June 16, 2019

ဒေါက်တာလဲ့လဲ့မော် တာဝန်ယူစဉ် အပ်နှံထားသည့်ငွေစာရင်းအချို့ကို စစ်ဆေးရန် ဗဟိုဘဏ်ကပိတ်သိမ်းထားဟု တိုင်းဝန်ကြီးချုပ် ပြော

 ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ်တာဝန်ယူစဉ်က CB နှင့် ကမ္ဘောဇဘဏ်တွင်အပ်နှံထား သည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ် သက်သော ငွေစာရင်းများကို စုံစမ်းစစ်ဆေးရန် ဗဟိုဘဏ်က ပိတ်သိမ်းထားကြောင်း တနင်္သာ ရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က ယမန်နေ့တွင် 7Day Daily  သ တင်းစာအား ပြောသည်။ ‘‘သေချာတော့ မသိသေး ဘူး။ ဖွံ့ဖြိုးရေးအတွက် ထည့် ထားတဲ့ အကောင့်တွေကို ပိတ် ထားတယ်ပြောတယ်။ ပိုက်ဆံက သိပ်မကျန်တော့ဘူး။ သိန်းရာဂ ဏန်းလောက်ပဲကျန်တော့တယ်’’ ဟု ၎င်းက ဆိုသည်။



အဆိုပါ ငွေစာရင်းများသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအသုံးပြုရန်ဟုဆိုကာ စီးပွား ရေးလုပ်ငန်းရှင်များက အစိုးရအ ဖွဲ့ထံ လာရောက်လှူဒါန်းထား သောငွေများ ဖြစ်သည်။

ယင်းငွေများအပ်နှံမှုနှင့်ပတ် သက်၍ ယခင်ဝန်ကြီးချုပ်လက် ထက်က  မည်သို့ဆောင်ရွက်ထား သည်ကို မသိရသေးကြောင်း ၀န် ကြီးချုပ်က ပြောသည်။

ထို့အပြင် GGS ကုမ္ပဏီက ဒေါ်လာ ၁၀ သန်းရင်းနှီးမြှုပ်နှံ၍ ဆောင်ရွက်မည့် သရက်ချောင်း ငါးလေလံဈေး စီမံကိန်းကို လက် ရှိတွင် ရပ်ဆိုင်းထားကြောင်း  ဦးမြင့်မောင်က ပြောသည်။

ထို့အတူ ဒေါက်တာလဲ့လဲ့ မော်လက်ထက် ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် GGS ကုမ္ပဏီနှင့်  ချုပ်ဆိုထားသည့် စာချုပ်ကိုလည်း  ၀န်ကြီးချုပ်ဦးမြင့်မောင် ဦးဆောင် သော တိုင်းအစိုးရက ဖျက်သိမ်း ခဲ့သည်။

GGS ကုမ္ပဏီသည် ဒေါက် တာလဲ့လဲ့မော်အား လာဘ်ပေး၍ တနင်္သာရီတိုင်းအတွင်း လုပ်ငန်း လုပ်ကိုင်ခွင့် အခွင့်အရေးအမျိုး မျိုးရယူခဲ့သည်ဟု အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ထားသည်။ လက်ရှိတွင် ဒေါက်တာလဲ့ လဲ့မော်နှင့် GGS လာဘ်ပေးမှုတွင် ပါဝင်သည့် ကုမ္ပဏီထိပ်တန်းတာ ၀န်ရှိသူသုံးဦးကို အဂတိလိုက် စားမှုတိုက် ဖျက်ရေးကော်မရှင်က  အမှုလေးမှုဖြင့်  တနင်္သာရီတိုင်း တရားလွှတ်တော်၌ တရားစွဲဆို ထားသည်။

No comments:

Post a Comment