Sunday, June 16, 2019

ရုရှားက ကမ္ဘာ့အမြန်ဆုံးဒုံးကျည်ကို အောင်မြင်စွာပစ်ခတ်စမ်းသပ်နိုင်ခဲ့

ရုရှားက အနောက်နိုင်ငံများ၏တိုက် ခိုက်မှုကိုဟန့်တားရန် တစ်နာရီလျှင် မိုင် ၉၀၀၀ နှုန်းအထိသွားနိုင်သောကမ္ဘာ့အ မြန်ဆုံးဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့သည်ဟု သိရသည်။ ကာဇက်စတန်ရှိ Sary-Shagan ဒုံး ပစ်ကွင်းတွင်စမ်းသပ်ခဲ့သောဒုံးကျည်စ နစ်၏အမည်ကို ရုရှားက ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမရှိသော်လည်း PRS-1M ဒုံး ခွင်းဒုံးဖြစ်သည်ဟု ယူဆရသည်။


ရုရှားမီ ဒီယာတစ်ခုကမူ 53TC ဒုံးကျည်ကို ပြန် လည်ဆန်းသစ်ထားသည့်ဒုံးကျည်သာဖြစ် ပြီး ကျည်ဆန်ထက်အဆပေါင်းများစွာပို မြန်ကာ တစ်စက္ကန့်လျှင် ၂.၄၈ မိုင်နှုန်းအ ထိသွားနိုင်စွမ်းရှိသောကြောင့် ကမ္ဘာ့အ မြန်ဆုံးဒုံးကျည်ဖြစ်သည်ဟု ဖော်ပြထားခဲ့ သည်။ ၎င်းမှာ အသံထက် ၁၀ ဆပိုမြန် သောနှုန်းဖြစ်ပြီး အမြင့်နှင့်အကွာအဝေး တွင်လည်း အခြားဒုံးကျည်များထက် တစ် ဆခွဲပိုများပြားသည်။ ယခုအခါ ရုရှားသည် ရန်သူ၏တိုက်ချင်းပစ်ဒုံးကျည်ထိပ်ဖူးများကိုဖျက်ချနိုင်စွမ်းရှိနေပြီဟု ယူဆရပြီး မော် စကိုမြို့နှင့်အခြားနည်းဗျူဟာကျ သည့်နေရာများကို အကာအကွယ်ပေးနိုင် မည့်ဒုံးကျည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment