Sunday, June 16, 2019

အကောင် ၂ သန်းတွင် တကောင်သာမြင်တွေ့ရနိုင်သည့် အပြာရောင်ပုစွန်

Image may contain: foodအပြာရောင်အရောင်အသွေးရှိတဲ့ ရှားပါးပုစွန်တကောင်ကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်က စားသောက်ဆိုင်တခုမှာ မကြာသေးခင်က ထုတ်ဖော်ပြသခဲ့တယ်လို့ ဇွန် ၁၄ ရက်နေ့ UPI သတင်းမှာ ဖော်ပြပါတယ်။ ဒီပုစွန်ကို အတ္တလန်တစ်သမုဒ္ဒရာထဲက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တစုံတယောက်က စား သောက်ဆိုင်ဆီလာပို့ခဲ့တာလို့ ကိတ်ကုတ်ဧရိယာ အတ်စ်သမ်အရပ်မှာရှိတဲ့ Loster & Clam Bar စားသောက်ဆိုင်ပိုင်ရှင် အာနိုးကပြောပါတယ်။


အဲ့ဒီနောက်မှာတော့ စားသောက်ဆိုင်ဘက်က ဒီပုစွန်ကို ချက်ပြုတ်တဲ့နေရာမှာ မသုံးပစ်ဘဲ ဒေသခံတွေကို ဖိတ်ကြားပြသခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုရှားပါးမျိုးစိတ် ပုစွန်တကောင်ကို ချက်ပြုတ်တဲ့နေရာမှာ အသုံးပြုမှာမဟုတ်ဘဲ သူ့ကို သဘာဝထဲပြန်လွှတ်ပေးတာ ဒါမှမဟုတ် နယူးအင်္ဂလန် ငါးပြတိုက်ကို လှူဒါန်းတာ ပြုလုပ်သွားမယ်လို့ အာနိုးကပြောပါတယ်။

အမေရိကန်ရေကြောင်းတက္ကသိုလ်ရဲ့ ပုစွန်ဌာနကလည်း ဒီပုစွန်ဟာ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတွေကြောင့် အပြာရောင်အဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်ပြီး ဒီလိုပြောင်းလဲမှုမျိုးကို ပုစွန်ကောင်ရေ နှစ်သန်းမှာမှ တခါ မြင်တွေ့ရနိုင်တယ်လို့ ပြောပါတယ်။

No comments:

Post a Comment