Sunday, June 16, 2019

အိန္ဒိယအစိုးရက ပဲစင်းငုံတန်ချိန်နှစ်သိန်း ထပ်မံတင်သွင်းခွင့်ပြု

ပြည်ပမှ ပဲစင်းငုံတန်ချိန် နှစ်သိန်းထပ်မံတင်သွင်းရန် အိန္ဒိ ယအစိုးရက ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦး မင်းကိုဦးက ပြောသည်။ အိန္ဒိယနိုင်ငံအတွင်း စားသုံး ရန်လိုအပ်ချက်ကြောင့် ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံတန် ချိန်နှစ်သိန်း၊ မတ်ပဲနှင့်ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲကို ပြည်ပမှ တင်သွင်းရန် အိန္ဒိယအစိုးရက ဧပြီလက ခွင့်ပြုပေးခဲ့သည်။ သို့ သော် လိုအပ်ချက်များခြင်း ကြောင့် ဇွန်လတွင် ပဲစင်းငုံတန် ချိန်နှစ်သိန်းထပ်မံတင်သွင်းရန် ကြေညာပြီး စုစုပေါင်းတန်ချိန် လေးသိန်းကို အောက်တိုဘာ နောက်ဆုံးထားတင်သွင်းရန် ကြေညာချက်တွင် ဖော်ပြထား သည်။



၂၀၁၆ နောက်ပိုင်း အိန္ဒိယ အစိုးရက ပဲတင်သွင်းမှုကို လို အပ်ချက်ပေါ်မူတည်ပြီး ကစားနေ ခြင်းကြောင့် တင်ပို့သည့်နိုင်ငံများ ထဲတွင် ပါဝင်သော မြန်မာနိုင်ငံ အနေဖြင့် အခက်အခဲများဖြစ်ရ သည်ဟု ၎င်းကဆိုသည်။ ‘‘အိန္ဒိယ အစိုးရက ပဲတင်သွင်းမှုနဲ့ပတ် သက်ပြီး မူဝါဒကစားတာ အောင် မြင်တယ်’’ ဟု ဦးမင်းကိုဦးက ပြောသည်။

ယခုနှစ်တွင် ပဲစင်းငုံတင် သွင်းခွင့်ကို အိန္ဒိယအစိုးရက နှစ် ဆတိုးမြှင့်သော်လည်း မြန်မာနိုင် ငံတွင် ရောင်းချနိုင်သည့်ပဲပမာဏ တန်ချိန်ငါးသောင်းခန့်သာ ကျန် ရှိခြင်းကြောင့် ထူးခြားမှုမရှိ ကြောင်း ဦးမင်းကိုဦးက ပြော သည်။

‘‘ဈေးကောင်းရလာတော့ လယ်သမားက ပဲစင်းငုံပြန်စိုက် လာမှာလေ’’ ဟု တောင်ကြီးမြို့ နယ်မှ ကုန်သည်ဦးပြူးက ပြော သည်။

ပဲစင်းငုံကို မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် မိုးသီးနှံ အဖြစ်စိုက်ပျိုးကြောင်း ၎င်းက ပြောသည်။ ၂၀၁၇ တွင် အိန္ဒိယ ၏ ပဲတင်သွင်းခွင့်မူဝါဒအပြောင်း အလဲကြောင့် ပဲစင်းငုံဈေးနှုန်းများ ကျဆင်းပြီး တစ်တင်းလျှင် ကျပ် တစ်သောင်းခန့်သာရခြင်းကြောင့် တောင်သူများအရှုံးပေါ်ခဲ့သည်။

လက်ရှိအိန္ဒိယနိုင်ငံ၏ ၀ယ် လိုအားကြောင့် ပြည်တွင်းဈေး ကွက်တွင် ပဲစင်းငုံဈေးနှုန်းက ပြန် လည်မြင့်တက်လာသည်။ ဇွန်လ ပထမပတ်က တစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ခန့်ရှိသောပဲစင်းငုံက ဇွန်လလယ်တွင် ကျပ် ၉၆၅,၀၀၀ သို့မြင့်တက်လာသည်။

ထို့အတူ မတ်ပဲဈေးနှုန်းက လည်း တစ်တန်လျှင်ကျပ် ၈၆၀,၀၀၀ မှ ကျပ် ၈၇၅,၀၀၀ သို့ မြင့်တက်သည်။ အိန္ဒိယအစိုးရက ပြည်ပမှ  ပဲတင်သွင်းခွင့်ချထား သောကုမ္ပဏီများကို ကြေညာ ချက်ထုတ်ပြန်ပြီးနောက် ၀ယ် လိုအားကောင်းလာသဖြင့် ဈေး မြင့်တက်ခြင်းဟု ဦးမင်းကိုဦးက ပြောသည်။ ထို့အတူ အိန္ဒိယနိုင်ငံသို့ ၂၀ ရာခိုင်နှုန်းခန့်သာ တင်ပို့သော ပဲ တီစိမ်းဈေးနှုန်းက ပြည်တွင်းဈေး ကွက်တွင် တစ်တန်လျှင်ကျပ် ၁၀ သိန်းကျော်နှင့် ၁၄ သိန်းအကြား ဈေးရှိသည်။

No comments:

Post a Comment