Sunday, June 16, 2019

စည်းကမ်းဖောက်၍ လိုင်စင်ယာယီရုပ်သိမ်းခံရသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၂ ခုရှိ

စည်းကမ်းချိုးဖောက် သည့် ပြည်ပအလုပ်အကိုင်အေ ဂျင်စီ ၂၂ ခုကို အလုပ်သမားစေ လွှတ်ခွင့် လိုင်စင်ယာယီရုပ်သိမ်း အရေးယူထားကြောင်း အလုပ်သ မားညွှန်ကြားရေးဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ လိုက်နာ ရမည့်စည်းကမ်းများကို ထုတ်ပြန် ထားသော်လည်း ယင်းအေဂျင်စီ များသည် သတ်မှတ်ချက်နှင့်ကိုက် ညီခြင်းမရှိဟု စစ်ဆေးတွေ့ရှိသ ဖြင့် အရေးယူရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။



‘‘အေဂျင်စီတစ်ခုနဲ့တစ်ခု ကျူးလွန်တဲ့ပြစ်မှုမတူသလို ရုပ် သိမ်းခံရတဲ့လိုင်စင်သက်တမ်း ကာလလည်း မတူဘူး။ လိုင်စင် ခြောက်လနဲ့ တစ်နှစ်ရုပ်သိမ်းခံရ တဲ့အေဂျင်စီများတယ်’’ ဟု အ ထက်ပါတာဝန်ရှိသူက ဆိုသည်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အရေးယူထားသည့် အေဂျင်စီ ၂၂ ခုတွင် လိုင်စင်သုံး နှစ်ရုပ်သိမ်းခံရသည့်အေဂျင်စီ သုံးခု၊ လိုင်စင် ၂နှစ်ရုပ်သိမ်းခံရ သည့်အေဂျင်စီတစ်ခု၊ လိုင်စင် တစ်နှစ်ရုပ်သိမ်းခံရသည့်အေဂျင် စီရှစ်ခု၊ လိုင်စင်ခြောက်လပိတ် သိမ်းခံရသည့်အေဂျင်စီကိုးခုနှင့် အမှုဖြေရှင်းပြီးချိန်အထိ ပိတ် သိမ်းခံထားရသည့်အေဂျင်စီတစ် ခုတို့ဖြစ်သည်။

အမှုပြီးပြတ်သည်အထိ ရုပ် သိမ်းခံထားရသည့်အေဂျင်စီကို ၂၀၁၄ ကတည်းက အရေးယူထား ခြင်းဖြစ်ကာ လိုင်စင်သုံးနှစ်ရုပ် သိမ်းခံရသည့်အေဂျင်စီနှစ်ခုကို  ၂၀၁၆ နှင့်နောက်အေဂျင်စီတစ်ခု ကို ၂၀၁၈ က အရေးယူထားခြင်း ဖြစ်သည်။

လိုင်စင် ၂ နှစ်ပိတ်သိမ်းခံရ သည့်အေဂျင်စီကို ၂၀၁၇ က အ ရေးယူထားခြင်းဖြစ်ပြီး ၂၀၁၈ တွင် လိုင်စင်တစ်နှစ်ပိတ်သိမ်းခံရ သည့်အေဂျင်စီလေးခုနှင့် ယခုနှစ် (၂၀၁၉)တွင် အေဂျင်စီလေးခုရှိ ခဲ့ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

ထို့အပြင် ယခုနှစ်တွင် လိုင် စင်ခြောက်လပိတ်သိမ်းခံရသည့် အေဂျင်စီကိုးခုဖြစ်သဖြင့် ၂၀၁၉ အတွင်း အရေးယူခံရသည့်အေ ဂျင်စီ ၁၃ ခုရှိသည်။

ထိုသို့အရေးယူခံရသည့် အေဂျင်စီများထဲမှ အများစုသည် ထိုင်းနှင့်မလေးရှားနိုင်ငံသို့ အ လုပ်သမားပို့ဆောင်သူများဖြစ်ပြီး စေလွှတ်သည့်အလုပ်သမားအ ပေါ်တာဝန်ယူမှုနည်းခြင်း၊ ၀န် ဆောင်ခပိုမိုတောင်းခံခြင်း၊ ပွဲစား နှင့်ချိတ်ဆက်လုပ်ဆောင်ခြင်းတို့ ကြောင့် အရေးယူခံရမှုများ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနတာဝန်ရှိသူက ဆို သည်။

No comments:

Post a Comment