Sunday, June 16, 2019

ရုပ်ရှင်နှစ် (၁၀၀)ပြည့် အကြို အလှူအတန်းများ ပြုလုပ်မည်

၂၀၂၀ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် ရုပ် ရှင်နှစ် (၁၀၀)ပြည့် အကြိုအနေ ဖြင့်  မြန်မာ့ရုပ်ရှင်အစည်းအရုံး က ဦးဆောင်မတည်၍ အလှူအတန်းများ ပြုလုပ်ရန်ရှိကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင် ၀ိုင်းက ပြောသည်။ ‘‘ရေရှားပါးတဲ့ နေရာတွေ မှာ သောက်သုံးရေကန်တွေကို လစဉ် လှူဒါန်းသွားဖို့ ရှိပါတယ်။ အဲဒါကိုလည်း မေတ္တာသင်္ဂဟအ ဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံးတို့ ပူး ပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။ နောက်နှစ်ဧပြီ သင်္ကြန် အပြီး နှစ်ဆန်း ၁ ရက်မှာ ရုပ်ရှင် လောကသူ၊ လောကသားများနဲ့ သူတို့ရဲ့သားသမီးများဖြစ်ကြတဲ့ ကလေးများ အားလုံးရှင်အပါး ၁၈၀၊ ရဟန်းရော၊ သီလရှင်ရော ပေါ့နော်။ အားလုံးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ယူ ပြီး ရဟန်းခံပေးမှာ ဖြစ်ပါတယ်။
ပြည်သူက ကျွေးထားတဲ့ ပိုက်ဆံ ငွေကြေးနဲ့ ပြန်လည်ပြီး အလှူဒါ နပြုလုပ်ပြီး ပရိသတ်ကြီးကို ပြန် လည်ပြီး ကုသိုလ်ကောင်းမှု ပြု လုပ်ပေးခြင်း ဖြစ်ပါတယ်။ ကိုယ် ကိုယ်တိုင် သာသနာ့ဘောင်ဝင် ပြီး သာသနာပြုရင်းနဲ့ ကျေးဇူးဆပ် တဲ့ သဘောဖြစ်ပါတယ်။ ဧပြီက နေ စက်တင်ဘာအထိ အကျဉ်း ထောင်နဲ့ ကလေးဆေးရုံတွေမှာ သွားရောက်ပြီး လှူဒါန်းတာမျိုး၊ တခြားရောဂါဝေဒနာခံစားနေရ တဲ့ သူတွေကို သွားရောက်ပြီး လှူ ဒါန်းတာမျိုး၊ ဒလမြို့မှာ သောက် သုံးရေကန်လှူတာမျိုး၊ ပညာရေး အနေနဲ့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်း တာမျိုး နှစ်(၁၀၀)ပြည့်မှာ မှတ် မှတ်ရရ ကျန်နေဖို့အတွက် စီစဉ် နေတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ယင်းလှုပ်ရှားမှုများအတွက် ရုပ်ရှင်အစည်းအရုံးအနေဖြင့် ကျပ်သိန်း ၅၀ မတည်ရန်ရှိသကဲ့ သို့ ထိုငွေနှင့် မလုံလောက်သဖြင့် လောကသားများ၏   ပံ့ပိုးမှုနှင့် မိတ်ဖက်   အဖွဲ့အစည်းများ၊ ရုပ်ရှင်ချစ်မြတ်နိုးသူများ၏ ၀ိုင်းဝန်းကူညီပံ့ပိုးမှုများဖြင့် ညှိနှိုင်း လုပ်ဆောင်မည်ဟု ဆိုသည်။

‘‘ရုပ်ရှင်နှစ် (၁၀၀) ဆိုတာ ရုပ်ရှင်လောကသားတွေနဲ့ပဲ သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ရုပ်ရှင်ကို နှစ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးက အဓိကသက်ဆိုင်တဲ့သူ ဖြစ်ပါ တယ်။ ရုပ်ရှင်နှစ် (၁၀၀)ပြည့်ပွဲ မှာ ရုပ်ရှင်လောကသားတွေ တင် မကဘဲ ရုပ်ရှင်ကိုချစ်မြတ်နိုးတဲ့ ပရိသတ်တွေပါ ပါဝင်ဆင်နွှဲနိုင်ဖို့ ကြိုးစားပါမယ်’’ ဟု ၎င်းကပြော သည်။

ရုပ်ရှင်နှစ် (၁၀၀)ပြည့်သည် ၂၀၂၀ အောက်တိုဘာ ၁၃ ရက် တွင် ကျရောက်မည်ဖြစ်သော် လည်း ယခုလ ၁၈ ရက်တွင် နှစ်(၁၀၀)ပြည့် အကြိုအဖြစ် ချောက်မြို့၌ သစ်ပင် ၂,၂၀၀ ကို ရုပ်ရှင်လောကသားများက သွားရောက်စိုက်ပျိုးမည် ဖြစ်သည်။

‘‘အပူပိုင်းဒေသမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ထိန်းသိမ်းနိုင်ဖို့ စိမ်းလန်းစိုပြည်ဖို့ ရည် ရွယ်ချက်နဲ့ ပြည်သူကို ပြန်လည် အကျိုးပြုမှာ ဖြစ်ပါတယ်’’ ဟု ဦးဇင်ဝိုင်းက ပြောသည်။ ရုပ်ရှင်နှစ် (၁၀၀) ပြည့်ပွဲကျင်းပသည့်အခါ စိန်ရတုကျင်းပ စဉ်ကကဲ့သို့ ပြဇာတ်များကခြင်း၊ ရုပ် ရှင်များပြသခြင်း၊ ရုပ်ရှင်ပြခန်း များနှင့် စတုဒိသာကျွေးပွဲများ အပါအ၀င် Logo ပြိုင်ပွဲများ၊ သီ ချင်းပြိုင်ပွဲများနှင့် ရုပ်ရှင်ဇာတ် လမ်းတို ပြိုင်ပွဲများပြုလုပ်ရန် စဉ်း စားထားကြောင်း ၎င်းကပြော သည်။

No comments:

Post a Comment