Sunday, June 16, 2019

ယူနိုက်တက်လေကြောင်းလေယာဉ် ပြေးလမ်းအဆင်းတာယာကွဲ၍ ပြေးလမ်းချော်

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် နယူးအတ်လစ်ဘာတီနိုင်ငံတကာလေဆိပ်သို့ ဆင်းသက်သည့် ယူနိုက်တက် လေကြောင်းပိုင်ခရီးသည်တင်လေယာဉ်တစ်စီး တာယာကွဲ၍ ပြေးလမ်းချော်ထွက်ကာ ရပ်တန့်ခဲ့သည်။ ဇွန် ၁၅ ရက်က ခရီးသည် ၁၆၆ ဦး လိုက်ပါလာသည့် ခရီးစဉ်အမှတ် ၆၂၇ ဖြစ်ပြီး ဒင်ဗာမှ ထွက်ခွာလာပြီး နယူးအတ်၌ နေ့လည် ၁ နာရီတွင် ဆင်းသက်ခြင်းဖြစ်သည်။ ခရီးသည်အချို့ အနည်းအကျဉ်းသာထိခိုက်ခဲ့ပြီး ဆေးကုသမှုခံယူရန်ပင် ငြင်းဆန်ကာ ကျန်သူအားလုံးဘေးကင်းခဲ့သည်။ပြေးလမ်းပိတ်ခဲ့ရပြီး မွန်းလွဲ ၃ နာရီတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

No comments:

Post a Comment