Sunday, June 16, 2019

လက်ရှိအစိုးရလက်ထက် မီဒီယာအပေါ် တရားစွဲဆိုမှု ၃၆ မှုရှိဟု အသံအဖွဲ့ထုတ်ပြန်

ဒီချုပ်အစိုးရလက်ထက် တွင် သတင်းမီဒီယာများအပေါ် တရားစွဲဆိုမှု ၃၆ မှုရှိပြီး သတင်း သမား ၅၂ ဦး တရားရင်ဆိုင်နေ ရကြောင်း  လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့အသံ က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန် သည်။  လက်ရှိတွင် မတရားအ သင်းအက်ဥပဒေပုဒ်မ ၁၇ (၂) ဖြင့် တရားစွဲခံရသည့် ရခိုင်အခြေ စိုက် Development Media Group (DMG) မီဒီယာ၊ ဧရာဝ တီ၊ RFA စသည့် သတင်းမီဒီယာ များ တရားစွဲခံနေရပြီး Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်း အပါအဝင် အခြားသတင်းသမား များလည်း တရားရင်ဆိုင်နေရ ကြောင်း အသံအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုဆောင်းခက ပြော သည်။



‘‘အခုနောက်ပိုင်းဆက်သွယ် ရေးဥပဒေနဲ့ သတင်းမီဒီယာတွေ ကို တရားစွဲတာ ပိုများလာတယ်။ နောက်ပြီး တပ်မတော်ကသတင်း သမားတွေကို တရားစွဲတာလည်း ပိုများလာတာကိုတွေ့ရတယ်။ တပ်က တရားစွဲတာဆို ယခင်က သုံးမှုရှိတယ်။ နောက်ထပ်သုံးမှု ထပ်တိုးထာတယ်။ တချို့မီဒီယာ တွေကျတော့ သက်ဆိုင်ရာဝက်ဘ် ဆိုက်မှာ တင်ထားတာကို ဆိုရှယ် မီဒီယာမှာ ပြန်ရှဲလ်တဲ့အခါမှာ တရားစွဲခံရတာပါ’’ ဟု ၎င်းက ပြောသည်။

ဆက်သွယ်ရေးဥပဒေကို အ သုံးပြုမှု အများဆုံးဖြစ်ပြီး မတရား အသင်းဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေ၊ ရာဇသတ် ကြီးပုဒ်မ ၅၀၀ နှင့် ၅၀၅ (ခ)၊ သ တင်းမီဒီယာဥပဒေ၊ နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ၊ လေကြောင်းပျံသန်းမှု ဥပ ဒေ၊ ပို့ကုန်၊သွင်းကုန်ဥပဒေ၊ လူ ဝင်မှုကြီးကြပ်ရေးဥပဒေ စသည် တို့ဖြင့် သတင်းမီဒီယာများကို တ ရားစွဲဆိုလေ့ရှိကြောင်း အသံအ ဖွဲ့က ဆိုသည်။

အဆိုပါ တရားစွဲဆိုသူများ တွင် အစိုးရဝန်ထမ်းများက တ ရားစွဲဆိုမှု ၂၀ မှု၊ တပ်မတော်က  တရားစွဲဆိုမှု ခြောက်မှု၊ အခြားသူ များကတရားစွဲဆိုမှု ၁၀ မှု စုစု ပေါင်း ၃၆ မှုရှိလာကြောင်း ထုတ် ပြန်သည်။

‘‘အစိုးရဝန်ထမ်းတွေလို့ ဆို ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်ကနေ သမ္မတအဆင့်အထိ ကျွန်တော်တို့ သတ်မှတ်ထား တယ်။ ဒီအထဲမှာ ထွေအုပ်ဘက် က တရားစွဲတာရှိသလို ဝန်ကြီး တွေက တရားစွဲတာရှိတယ်’’ ဟု ကိုဆောင်းခက ဆိုသည်။

 သတင်းသမားများကို တ ရားစွဲဆိုမှု ၃၆ မှုရှိသည့်အနက်  ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တ ရားစွဲဆိုမှု ၂၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment