Sunday, June 16, 2019

မြောက်ဥက္ကလာပ မြစေတီဘုရားဝင်းအတွင်း ပဒူကောင်များအသိုက်စွဲနေသဖြင့် ရှင်းလင်းခဲ့ရ

Image may contain: one or more people, fire and outdoorမြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမဘေး၊ မြစေတီဘုရားဝင်းအတွင်းရှိ လုံးပတ်သုံးပေခန့် သပြေပင်တွင် ပဒူကောင်များ အသိုက်စွဲနေသဖြင့် သက်ဆိုင်ရာမီးသတ်ဦးစီးဌာနက ဇွန်၁၅ရက်ညနေပိုင်း၌ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ ၁၉၁အသက်ကယ်ယာဉ်တစ်စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် သွားရောက် ကူညီပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment