Sunday, June 16, 2019

ကိုပါအမေရိကဖွင့်ပွဲတွင် ဘိုလစ်ဗီးယားကို ဂိုးပြတ်နိုင်သော်လည်း ဘရာဇီးအသင်းကို ပရိသတ်များလှောင်ပြောင်

ကိုပါအမေရိက ဖလားပြိုင်ပွဲဖွင့်ပွဲတွင် ဘိုလစ်ဗီး ယားကို သုံးဂိုးပြတ်အနိုင်ရသော် လည်း ဘရာဇီးသည် အသင်းပရိ သတ်များ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ ဘရာဇီးနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပနေသည့် ကိုပါ အမေရိကဖလားပြိုင်ပွဲတွင်အုပ်စု (A) အဖွင့်ပွဲစဉ်အဖြစ် ဘိုလစ်ဗီးယားနှင့်ပွဲ၌ ဒုတိယပိုင်းရောက်မှ ဘရာဇီးအတွက် ဘာစီလိုနာကစားသမားကော်တင်ဟိုက ပင် နယ်တီ တစ်လုံးအပါအဝင် နှစ်ဂိုးနှင့် အဲဗာတန်ဆိုယာရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့သည်။



မိုရမ်ဘီအားကစားကွင်း တွင် ၇၀ ရာခိုင်နှုန်း ပြည့်နှက်ခဲ့ သော ဘရာဇီးပရိသတ်များက ပထမပိုင်း ဂိုးမရှိသရေကျပြီး နောက် အသင်းကိုလှောင်ပြောင် ခဲ့သည်။

အသင်း၏ စွမ်းဆောင်ရည် အသက်မပါ ဖြစ်ခဲ့ပြီးနောက် ပရိသတ်များထံမှ အနုတ်သဘော ဆောင်သော တုံ့ပြန်မှုကို မျှော် လင့်ခဲ့ကြောင်း ဘရာဇီးနည်းပြ တိုက်က ပြောသည်။

‘‘ဒါကို ကျွန်တော်တို့ခံစားရ တယ်။ ငယ်ရွယ်တဲ့ကစားသမား တွေလည်း ခံစားရတယ်။ နည်းပြ လည်း ခံစားရတယ်။ ကျွန်တော် တို့ နားလည်ပေးဖို့လိုပါတယ်။  ရှေ့တိုးတက်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့အခါကျရင် ပရိ သတ်က လက်ခုပ်သြဘာပေးကြ မှာပါ’’ ဟု တိုက်က ပြောသည်။

‘‘သူတို့လှောင်ပြောင်ကြမှာ ပါ။ နောက်တန်းမှာ ဘောလုံးကို ပေးတယ်။ နောက်ခံအစွန်လူတွေ ကနေ ဗဟိုခံစစ်မှူးတွေဆီ ဘော လုံးပေးတယ်။ ဗဟိုခံစစ်မှူးတွေ က ဂိုးသမားကို ဘောလုံးပေး တယ်။ အဲဒီလိုဆိုရင် ပထမဆုံး ကြားရတာက လှောင်ပြောင်တာ ပါ’’ ဟု တိုက်က ထပ်လောင်း ပြောသည်။

ခြေချင်းဝတ်ဒဏ်ရာရနေ သော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ မပါဝင်နိုင်သောကြောင့်ဘရာဇီးသည် ရှေ့တန်းတွင် ဖာမီနိုနှင့် ဖာနန်ဒင်ဟိုကို ပွဲထုတ်ခဲ့သည်။

ဘရာဇီးသည် ကိုပါအမေရိ က ပြိုင်ပွဲကို ၁၉၈၉ နောက်ပိုင်း ပထမဆုံးအကြိမ် လက်ခံကျင်းပ ခြင်းဖြစ်ပြီး တောင်အမေရိက ၁၀ သင်းစလုံးနှင့်အတူ ဖိတ်ခေါ် အသင်းများဖြစ်သော ကာတာနှင့် ဂျပန်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဘရာဇီးအနေဖြင့် အုပ်စု (A) ဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်တွင် ဗင်နီဇွဲလားနှင့်ကစား မည်ဖြစ်သည်။         

No comments:

Post a Comment