Sunday, June 16, 2019

ကျောက်မျက်အချောထည်များ လမ်းကြောင်းကန့်သတ်ချက်မရှိ ပြည်ပသို့ တင်ပို့နိုင်မည့် အရောင်းစင်တာငါးခု ဖွင့်လှစ်မည်

 ပြည်ပတင်ပို့နေ သည့် ကျောက်မျက်အချောထည် လုပ်ငန်းများ ပိုမိုအဆင်ပြေ အား ကောင်းလာစေရန် ကျောက်မျက် အရောင်းစင်တာ (GTC-Gems Trade Center)များကို မြို့ငါးမြို့တွင် ဖွင့်လှစ်မည်ဟု ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူက 7Day Daily သတင်းစာအား ပြောသည်။ ‘‘ရှေ့နေချုပ်ရုံးကလည်း စိစစ်ပြီးပြီ။ အခုအစိုးရအဖွဲ့ကလည်း သဘောတူပြီးပြီ။ ဒါပေမဲ့ အသေးစိတ်လုပ်ရမယ့်အချက်တွေကို ညှိနှိုင်းနေတာ။ နောက်ဆုံးအဆင့်ရောက်နေပြီ။ မှန်းတာကတော့ခုတစ်လ၊ နှစ်လနေရင် ဖွင့်နိုင်ပြီ’’ ဟု ဦးမင်းသူက ဆိုသည်။



နေပြည်တော်၊ ရန်ကုန်၊ မန္တ လေး၊ မြစ်ကြီးနား၊ မိုးကုတ်မြို့တို့ တွင် ကျောက်မျက်အရောင်းစင် တာများဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဦးမင်းသူက ပြောသည်။

‘‘အဲဒီမှာ စီးပွားကူးသန်းပါ မယ်၊ အခွန်ပါမယ်။ စီးပွားကူး သန်းက အဲဒီမှာ တစ်ခါတည်း Export ပို့ကုန်လိုင်စင်ကို တစ်ခါ တည်း လုပ်ပေးမှာပေါ့။ အကုန် လုံး သဘောတူညီပြီးပြီ’’ဟု ၎င်း က ဆိုသည်။

ပို့ကုန်လိုင်စင်ရရှိပြီးပါက ပြည်တွင်း၌ တရားဝင်ဖွင့်လှစ် ထားသော မည်သည့်ကုန်သွယ် ရေးဂိတ်မှမဆို သွားရောက်ရောင်း ဝယ်ခွင့်ရှိမည်ဟု ၎င်းက ပြော သည်။

ယခင်က ပြည်တွင်းမှထွက် ရှိသည့် ကျောက်မျက်အချော ထည်များကို နေပြည်တော်၊ မန္တ လေး၊ ရန်ကုန်နှင့် မြစ်ကြီးနားမြို့ တို့ရှိ OSS ရုံးများမှတစ်ဆင့် မူဆယ်ထွက်ပေါက်တစ်ခုတည်း ကသာ ရောင်းဝယ်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ဦးမင်းသူက ဖြည့် စွက်ပြောသည်။

‘‘ခုကတော့ ကုန်း၊ ရေ၊ လေ ဘယ်လမ်းကြောင်းကပဲထွက် ထွက်၊ တရားဝင်ကုန်သွယ်ရေး ဂိတ်ရှိတဲ့ နေရာမှန်သမျှက ထွက် လို့ရတယ်’’ဟု ဦးမင်းသူက ပြော သည်။

ဝန်ကြီးဌာနက Gems Trade Center များ ဆောင်ရွက်ရန် စီမံ မှုများသည် အလွန်ကောင်းမွန် သည့်အပြင် အခွန်ဘဏ္ဍာလည်း ပိုမိုရရှိလာနိုင်သည်ဟု သယံ ဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ ရေးရာ အကြံပေးအဖွဲ့ NRGI မှ Country Director ကိုမော်ထွန်း အောင်က မှတ်ချက်ပြုသည်။ ‘‘အချောထည်လုပ်ငန်းတွေ တိုးတက်လာအောင် မူဝါဒပိုင်း အရ၊ နည်းပညာပိုင်းအရ အစိုးရ ဘက်က ပံ့ပိုးပေးဖို့တွေလိုလာ တယ်။ အဲဒါတွေလုပ်ရင်တော့ Gems Trade Center တွေက အောင်မြင်မှာပါ’’ဟု ၎င်းက ပြော သည်။ လက်ရှိတွင် OSS စနစ်ဖြင့် မူဆယ်ထွက်ပေါက်မှ ပုတီး၊ လက်ကောက်၊ လွှာချပ်နှင့် အပွင့် (အ စိမ်းရောင်ရှိသော ကျောက်တုံး လေးများ) လိုင်းများသာ အများ ဆုံးတင်ပို့နေသည်ဟု မန္တလေး ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းမှ သိရသည်။

No comments:

Post a Comment