Sunday, June 16, 2019

စိတ်ကြွဆေးပြားသိန်းချီ ဝင်ရောက်နေသည့် ရခိုင်ပြည်နယ်တွင် X-ray စက်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများဖြင့် စစ်ဆေးရန် ပြည်ထောင်စုအစိုးရသို့ တင်ပြ

စိတ်ကြွဆေးပြားသိန်း ချီဝင်ရောက်နေသည့် ရခိုင် ပြည်နယ်ရှိဂိတ်များ၌ X-ray စက် များနှင့် ကုန်တင်ယာဉ်ရပ်နားစ ခန်းများဖြင့် စစ်ဆေးရန် ပြည် ထောင်စုအစိုးရသို့ ပြည်ထဲရေး ဝန်ကြီးဌာနက တင်ပြခဲ့သည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ‘‘ပြည် ထောင်စုက စီစဉ်ရမှာပေါ့။ ပြည် ထဲရေးကနေ ပြည်ထောင်စုကို ဆောင်ရွက်ပေးဖို့အတွက်တော့ အဆင့်ဆင့်တင်ပြဆောင်ရွက်နေ တယ်လို့တော့ သိရတယ်ဗျ’’ ဟု ပြောသည်။



ရခိုင်ပြည်နယ်တွင် မူးယစ် ဆေးဝါးထုတ်လုပ်သည့်နေရာမရှိ ကြောင်း၊ သို့သော် ဝင်ရောက်လာ သည့် ကုန်တင်ယာဉ်အားလုံးကို စစ်ဆေးနိုင်ခြင်းမရှိသဖြင့် မန္တ လေးနှင့်မူဆယ်ဒေသ၌ ဆောင် ရွက်နေသည့် X-ray စက်၊ ကုန် ရပ်နားစခန်းကဲ့သို့ စစ်ဆေးသည့် အခြေအနေမျိုးရရှိလျှင် မူးယစ် ဆေးဝါးနှင့်ဆက်စပ်ပြီး ပိတ်ဆို့ နိုင်မည်ဖြစ်ကြောင်း ရဲမှူးကြီးကြည်လင်းက ဆိုသည်။

ဆက်လက်၍ ၎င်းက ‘‘အခု လောလောဆယ်အနေအထား တော့ မောင်တောမှာ မိတဲ့အား လုံးသည် သုံးစွဲရန်မဟုတ်ဘဲ တစ် ဖက်နိုင်ငံကို ပို့ဖို့တော်တော်များ များဖြစ်နေတာပေါ့’’ ဟု မူးယစ် ဆေးဝါး ဖမ်းဆီးရမိသည့်ဖြစ်စဉ် အပေါ် သုံးသပ်ပြောကြားသည်။

ယခုလ ၉ ရက်မှ ၁၁ ရက်အ ထိ ရခိုင်ပြည်နယ်မောင်တောမြို့ နယ်အတွင်း အမှုဖြစ်စဉ်သုံးခုမှ စိတ်ကြွဆေးပြားခြောက်သိန်း ကျော်သိမ်းဆည်းရမိကြောင်း ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်များအရ လူ မှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုး ရေးခြံရှိ ၎င်းအဖွဲ့ပိုင်စက်ပစ္စည်း များထားသည့် အဆောက်အအုံ ထဲမှ WY/R စာတန်းပါစိတ်ကြွ ဆေးပြား ၃၉၉,၅၅၀ တွေ့ရှိပြီး ပါဝင်သူငါးဦးကို ဖမ်းဆီးခဲ့သည် ဟု ဆိုသည်။ ထပ်မံဖမ်းဆီးရမိသည့်ဖြစ် စဉ်အရ မောင်တောမြို့နယ် နယ် မြေ (၄) နှစ်နိုင်ငံနယ်စပ်အနီးရှိ ဇီးပင်ချောင်းအတွင်း ရေယာဉ် ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှော် ခတ်နေသည့် လှေတစ်စီးကို တွေ့ ရှိစစ်ဆေးရာတွင် ဆာလာအိတ် နှစ်အိတ်အတွင်းမှ WY/R စာ တန်းပါ စိတ်ကြွဆေးပြား ၂၂၉,၅၀၀ သိမ်းဆည်းရမိခဲ့သည်။

No comments:

Post a Comment