Sunday, June 16, 2019

နတ်ပူး၍ ရွှေအတုများပေးကာ ကျပ်သိန်း ၃၀၀ လိမ်လည်ရယူခဲ့သည်ဆိုသူကို အမှုဖွင့်စစ်ဆေးနေ

No photo description available.နတ်ပူး၍ ရွှေအတုများ ပေးကာ ကျပ်သိန်း ၃၀၀ လိမ် လည်ရယူခဲ့သည်ဆိုသူကို အမှု ဖွင့်စစ်ဆေးနေကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ် ပြန်သည်။ေ နပြည်တော် တပ်ကုန်းမြို့ နယ်၌ ဖြစ်ပွားသည့် အဆိုပါဖြစ် စဉ်တွင် ဒေါ်အေးအေးဝင်းဆိုသူ သည် မခင်သက်နွယ်ဆိုသူနှင့် ခင်မင်ရင်းနှီးပြီး မခင်သက်နွယ်က ဘိုးဘွာပိုင်အမွေများ၊ သိုက်များ မှ ရွှေ၊ ငွေရမည်ပြောဆိုကာ ပွဲတော်ခ ကျပ်တစ်သိန်းခွဲတောင်း၍ မအေးအေးဝင်းပိုင် ယာကွက်အ တွင်း တူးဖော်ရာ ရွှေလက်ကောက် များနှင့် ရွှေဆွဲကြိုများ တူးဖော်ရရှိ ခဲ့သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
အဆိုပါဖြစ်စဉ်ပြီးနောက် မခင်သက်နွယ်သည် နေအိမ်သို့ အကြိမ်ကြိမ်လာရောက်ပြီး နတ်ပူး ၍ နေအိမ်ရှိ ခြင်းများ၊ ဘုရားစင် ပေါ်မှ ရွှေထည်များနှင့် ယာကွက် အတွင်းမှ ရွှေရောင်တဘက်တစ် ထည်၊ လိပ်ပြာခုံခါးပတ်ခေါင်းနှင့်  ချိတ်ပါ ရွှေရောင်ခါးပတ်သုံးခု၊ ရွှေရောင်စလွယ်တစ်ခု၊ ရွှေရောင် ဘယက်နှစ်ခုအပါအဝင် ရွှေထည် ပစ္စည်းစုစုပေါင်း ၁၀၀ ကျော်ရရှိခဲ့ သည်။

ယင်းအပြင် ကြေးခရားတစ် ခု၊ ဟန်းချိန်းခုနစ်ခု၊ လက်ပတ် နာရီတစ်လုံး၊ ရှင်သီဝလိပုံတော် တစ်ဆူ၊ ဘုရားနှစ်ဆူ၊ လက်ဖွဲ့ ကြိုးတစ်ခု၊ အလှူလုပ်ပါ စာ တန်းပါ သုံးထပ်သားပြားတစ်ခု၊ ပလတ်စတစ်ဘူးတစ်ဘူး၊ ဗမာ ဆေးမှုန့်ထုပ် ရှစ်ထုပ်လည်း ရရှိခဲ့ သည်ဟုဆိုသည်။ အကြိမ် ၄၀ ခန့် တူးဖော်ခ အဖြစ် ကျပ်သိန်း ၃၀၀ ပေးခဲ့ရ ကြောင်း၊ ဇွန်လ ၁၂ ရက်က အဆို ပါရွှေထည်ပစ္စည်းများကို ရွှေဆိုင် တွင် စစ်ဆေးခဲ့ရာ ရွှေအတုများဟု သိရပြီးနောက် ဒေါ်အေးအေးဝင်း က တိုင်တန်းသဖြင့် မခင်သက် နွယ်ကို ရွှေမြို့နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှု စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

No comments:

Post a Comment