Sunday, June 16, 2019

ဥရုဂွေးနှင့် အီကွေဒေါ၊ ပါရာဂွေးနှင့်ကာတာတို့ တွေ့ဆုံမည့် ကိုပါအမေရိကပွဲစဉ်များ

ဘရာဇီးနိုင်ငံ၌ ကျင်းပနေသော ကိုပါအမေရိက ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၌ ယခုည၁ နာရီ  မိနစ် ၃၀ တွင် ပါရာဂွေး နှင့် ကာတာ ကစားမည်ဖြစ်ကာ ဇွန်လ ၁၇ ရက် နံနက် ၄ နာရီမိနစ် ၃၀ ၌   ဥရုဂွေးနှင့် အီကွေဒေါတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပါရာဂွေးအနေဖြင့် အုပ်စုအခြားပွဲစဉ်များတွင် အာဂျင်တီးနား၊ ကိုလံဘီယာတို့နှင့် ကစားရန်ရှိရာ နောက်တစ်ဆင့်တက်နိုင်ရေး ကာတာကို မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။



ကာတာသည် ၂၀၁၉ နှစ်စ  ပိုင်းက အာရှဖလားချန်ပီယံဖြစ် ခြင်းကြောင့် ဂျပန်နှင့်အတူ ယခု ပြိုင်ပွဲတွင်ပါဝင်ရန် ဖိတ်ခေါ်ခံရ သည်။ ၂၀၂၂ တွင် ကမ္ဘာ့ဖလား  လက်ခံကျင်းပမည့်ကာတာ သည် မိမိတို့ကို ဖိတ်ခေါ်ခြင်းမှာအချည်းနှီးမဟုတ်ကြောင်း ပြသရန် ကြိုးစားမည်ဖြစ်ကာ ယခုနှစ်ပိုင်း ခြေစွမ်းကျဆင်းနေသော ပါရာဂွေးကို အနည်းဆုံး သရေ  ကစားနိုင်သည်။

ပို၍စိတ်ဝင်စားစရာကောင်း သော ဒုတိယပွဲစဉ်တွင် ဥရုဂွေးနှင့် အီကွေဒေါတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ အိမ်ရှင်ဘရာဇီးနှင့်အာဂျင် တီးနားတို့နောက် တတိယရေပန်း အစားဆုံး၊ အတောင့်တင်ဆုံးဟု ဆိုနိုင်သော ဥရုဂွေးက နိုင်ပွဲရမည်ဟု အများက ခန့်မှန်းထားသည်။

ဥရုဂွေးတွင် လူးဝစ်ဆွာ ရက်ဇ်၊ ကာဗာနီနှင့် ဂိုဒင်တို့ကဲ့သို့ ဝါရင့်ကစားသမားများ ရှိသော် လည်း အသက်ရလာပြီဖြစ်ရာယခုပြိုင်ပွဲ သည် ယင်းကစားသမားများ ကို  တစုတည်းတွေ့ရသောနောက်ဆုံးပြိုင်ပွဲ ဖြစ်ဖွယ်ရှိသည်။

အီကွေဒေါသည် မကြာ သေးမီက ရုန်းကန်ခဲ့ရပြီး နောက် ဆုံးလေးပွဲတွင် နိုင်ပွဲမရှိပေ။ ဗလင်စီယာကို အားကိုးနိုင် သော်လည်း အသင်းက၎င်းအပေါ် မှီခိုလွန်းပြီး အခြားကစားသမားများ ပိုမိုလိုက်ပါကစားရန်  လိုအပ်သည်။

ဥရုဂွေးသည် ပြိုင်ပွဲအနိုင်ရရှိ ရန်ပင် လုံလောက်သော ကစား သမားအစုအဖွဲ့ရှိသော်လည်း ဂိုး ရှေ့တွင် ပိုမိုပြတ်သားရန်လိုပြီး ဂိုးသွင်းသေချာမှသာ ရှေ့ဆက် တက်လှမ်းရန်  အခြေအနေ ကောင်းမည်ဖြစ်သည်။

No comments:

Post a Comment