Sunday, June 16, 2019

ရေကူးအဖွဲ့ချုပ်ကို ဆန္ဒထုတ်ဖော်မည့်အစီအစဉ် အားကာဝန်ကြီးညှိနှိုင်းပေး၍ ရပ်ဆိုင်း

ပဏာမလက်ရွေးစင် ရေကူးကစားသမား ရွေးချယ်မှုအ ပါအ၀င် ရေကူးအဖွဲ့ချုပ်ကို မကျေနပ်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို  ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏  ညှိနှိုင်းမှုကြောင့် ရပ်ဆိုင်းခဲ့ ကြောင်း ကစားသမားမိဘဒေါ်ဇာဇာထွန်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပဏာ မလက်ရွေးစင်နှင့် မျိုးဆက်သစ် ကစားသမားရွေးချယ်မှု၊ နည်းပြ သစ်ခန့်အပ်မှုနှင့် အမျိုးသားရေ ကူးကန် အသုံးပြုခွင့်များနှင့် ပတ် သက်၍ ရေကူးအဖွဲ့ချုပ်နှင့်ကစား သမား မိဘတို့ကြား အငြင်းပွားမှု များ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်၏ စီ မံမှုအတိုင်း လေ့ကျင့်ခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သည့် က စားသမား ၃၈ ဦးကို ပဏာမလက် ရွေးစင်နှင့် မျိုးဆက်သစ်ကစားသ မားများအဖြစ်မှ ရပ်စဲကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် အဖွဲ့ချုပ်က  ထုတ်ပြန်ခဲ့သည်။



ထို့ကြောင့် ကစားသမားများ ၏ မိဘများက ဇွန်လ ၁၅ ၊ ၁၆၊ ၁၇ ရက်တို့တွင် အမျိုးသားရေကူး ကန်ဝင်ပေါက်ရှေ့နှင့် မဟာ ဗန္ဓုလပန်းခြံရှေ့တွင် ရေကူးအဖွဲ့ ချုပ်ကို ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်ရန်စီစဉ်ခဲ့သည်။ သို့သော် ဇွန်လ ၁၅ ရက်က အားကာသိပ္ပံ၌ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရေကူးအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ကစားသမားမိဘများနှင့်တွေ့ဆုံ၍ ညှိနှိုင်းပေးခဲ့ကြောင်း ဒေါ်ဇာဇာထွန်းက  ဆိုသည်။

ယင်းညှိနှိုင်းမှုအရ ကစား သမားများ လွတ်လပ်စွာရေကူး ခွင့်၊ နည်းပြဆရာနှင့် လေ့ကျင့်ခွင့် ရရှိမည်ဖြစ်သောကြောင့် ဆန္ဒ ထုတ်ဖော်ပွဲကို ရပ်ဆိုင်းခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘ဒီနေ့ ၀န်ကြီးကကလေးတွေ ကို စိတ်ကြိုက်ရေကူးခွင့်ပြုခဲ့ သလို သူတို့ကို အရင်နည်းပြ ဆရာနဲ့ အခုနည်းပြသစ်တရုတ် ဆရာတို့နဲ့ ပူးပေါင်းလေ့ကျင့်ခွင့် လည်း ပေးခဲ့ပါတယ်။ ကစားသ မားအဖြစ်က ရပ်စဲခံရတဲ့ ကလေး တွေကိုလည်း ပြန်လက်ခံမယ်လို့ လည်းပြောသွားပါတယ်။ ရေကူး လေ့ကျင့်ခွင့်ကိုလည်း လက်ရွေး စင်အသင်းရဲ့ ရေကူးလေ့ကျင့်ချိန် နဲ့ အချိန်မတူအောင် ညှိပေးခဲ့ပါ တယ်။ ဒါကြောင့်မို့ အစ်မတို့ဘက် ကလည်း ဆန္ဒပြပွဲကို ရပ်ဆိုင်းပေး ခဲ့တာပါ’’ဟု ဒေါ်ဇာဇာထွန်းက ပြောသည်။ ကစားသမား မိဘများနှင့် ညှိနှိုင်းမှုအခြေအနေကို မြန်မာ နိုင်ငံ ရေကူးအဖွဲ့ချုပ်တာဝန်ရှိသူများထံ  7Day Daiy သတင်းစာ က ဆက်သွယ်မေးမြန်းသော် လည်း မရပေ။

No comments:

Post a Comment