Sunday, June 16, 2019

ချင်းပြည်နယ်ရှိ ကျောင်း ၂၂ ကျောင်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ လုံးဝမရှိခဲ့

နှစ်စဉ် အောင်ချက်အနိမ့်ဆုံးဒေသဖြစ်သည့် ချင်းပြည်နယ်သည် ယခုနှစ်တက္ကသိုလ် ၀င်စာမေးပွဲ၌ အောင်မြင်သူလုံး ၀မရှိခဲ့သည့်ကျောင်း ၂၂ ကျောင်း အထိရှိကြောင်း သိရသည်။ ယခုနှစ်၏တက္ကသိုလ်ဝင်စာ မေးပွဲ အောင်စာရင်းများကို ထုတ် ပြန်ခဲ့ရာ ကျောင်းသားကျောင်းသူ နှစ်သိန်းခြောက်သောင်းကျော် အောင်မြင်ခဲ့ပြီး ငါးသိန်းကျော်မှာ ကျရှုံးခဲ့ကြောင်း၊ ယင်းစာရင်းများ အရ အောင်ချက်အနိမ့်ဆုံးဒေသ အဖြစ် ဆက်လက်စာရင်းဝင်ခဲ့သော ချင်းပြည်နယ်တွင် ၀င်ရောက်ဖြေဆို သူ တစ်သောင်းကျော်ရှိခဲ့ပြီး ၂၁၁၀ ဦးသာ အောင်မြင် ခဲ့ကြောင်း၊ ချင်း ပြည်နယ်တွင် အခြေခံပညာအထက် တန်းကျောင်းနှင့် ကျောင်းခွဲ ၁၄၇ ကျောင်းထဲမှ ၂၂ကျောင်းမှာ အောင် မြင်သူလုံးဝ မရှိခဲ့ကြောင်း ချင်းပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။



"လုံးဝမအောင်တဲ့ကျောင်း ၂၂ ကျောင်းရှိပါတယ်။ အဲ့ဒီကျောင်း တွေကို ဘာလုပ်ရမလဲဆိုတာက တော့ အထက်ရဲ့ ညွှန်ကြားချက်အ ပေါ် မူတည်ပါတယ်" ဟု ချင်းပြည် နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေးမှူး  ဦးမြင့်လွင်က ပြော သည်။

ချင်းပြည်နယ်၏ ယခုနှစ် အောင်စာရင်းရလဒ်များအရ ငါး နှစ်အတွင်း အောင်မြင်သူအရေအ တွက် အများဆုံးနှစ်ဖြစ်ခဲ့သော် လည်း အခြားတိုင်းဒေသကြီး၊ ပြည် နယ်များနှင့်ယှဉ်ပါက အောင်ချက် အနိမ့်ဆုံးဒေသအဖြစ် ရှိနေဆဲဖြစ် ကြောင်း ယခုနှစ်မတိုင်မီက ချင်း ပြည်နယ်တွင် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်သူအရေအတွက် မှာ ၁၈၀၀ ကျော်အထိသာ ရှိခဲ့ဖူး ကြောင်း၊ ကျောင်းသားဦးရေနည်း ပါးခြင်းနှင့် သွားလာရေးခက်ခဲခြင်း တို့ကြောင့် အောင်ချက်များနည်းပါး နေရခြင်းဖြစ်ကြောင်း သိရသည်။

"တချို့ကျောင်းတွေမှာက ကျောင်းသားဦးရေ အရမ်းနည်း တယ်။ ဆယ်ယောက်၊ ဆယ့်ငါး ယောက်လောက်ပဲ ရှိတယ်။ တတ်နိုင် တဲ့မိဘတွေက သူတို့သားသမီးတွေ ကို ဒီမှာမထားတော့ဘူး။ မန္တလေး ဘက်မှာဆင်းပြီး ထားကြတယ်။ ဒီမှာ ကျတော့ သွားလာရေးခက်ခဲပြီး ကျောင်းတက်ဖို့အရေး အလှမ်းဝေး အောင်သွားနေရတဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။ သူတို့တွေက ကျောင်း တွေကိုပဲအားကိုးနေရတာကိုး။ အ ပြင်ကျူရှင်ရယ်လို့လည်း ထားနိုင်ကြ တဲ့သူတွေ မဟုတ်ဘူး"
ဟု ချင်း ပြည်နယ် ပလက်ဝမြို့မှ မူလတန်း ပြဆရာတစ်ဦးက ပြောသည်။

ယခင်နှစ်က ချင်းပြည်နယ် တွင် အောင်မြင်သူလုံးဝမရှိခဲ့သော အခြေခံပညာကျောင်း၂၈ ကျောင်း ရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment