Sunday, June 16, 2019

အကယ်ဒမီဆုရှင် ကိုးဦး အားပြိုင်ထားတဲ့ ‘နှစ်ပတ်အလို’ဇာတ်ကား

‘နှစ်ပတ်အလို’ ရုပ်ရှင် သည် ၎င်းကိုယ်တိုင်ရေးသား သည့် ၀တ္ထုကိုရိုက်ကူးခြင်းဖြစ်ပြီး အကယ်ဒမီဆုရှင် ကိုးဦး၏ အားပြိုင်မှု မြင်တွေ့ရမည်ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။ ‘‘ဒီကားရိုက်တဲ့ အချိန်တုန်း က ကျော်ကျော်ဗိုနဲ့ အေးမြတ်သူ အကယ်ဒမီမရသေးပါဘူး။ ဒါပေ မဲ့ ဒီကားရုံတင်မယ့်နှစ်မှာ တစ်နှစ် တည်း၊ တစ်ပြိုင်တည်း အကယ်ဒ မီရခဲ့တဲ့အတွက် ဒီဇာတ်ကားက ကျွန်တော်အပါအ၀င် အကယ်ဒမီကိုးလက်လို့ပြောလို့ ရပါတယ်’’ ဟု ၎င်းကပြောသည်။



ယင်းဇာတ်ကားတွင် ပြေတီ ဦး၊ မင်းဦး၊ ကျော်ကျော်ဗို၊ ရဲ အောင်၊ ၀တ်မှုံရွှေရည်၊ အေးမြတ် သူ၊ မျိုးသန္တာထွန်းနှင့် ချိုပြုံးတို့ အဓိကပါဝင်သရုပ်ဆောင်ထား ပြီး တိုက်ဆိုင်မှုအနေဖြင့် ဒါရိုက် တာ မောင်မျိုးမင်း၏ မွေးနေ့ဖြစ် သည့် ဇွန်လ ၂၀ ရက်တွင် စတင် ရုံတင်ပြသခွင့် ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ယင်းဇာတ်ကား Red Carpet Show ပြုလုပ်ခဲ့ သည့် ဇွန်လ ၁၄ ရက်ညတွင် ဒါ ရိုက်တာမောင်မျိုးမင်းအတွက် နှစ်ပတ်အလို အဖွဲ့သားများက မွေးနေ့အကြို Surprise ပြုလုပ်ခဲ့ သည်။

ယင်းဇာတ်ကားအမည် သည် ပြည်ပရုပ်ရှင်တစ်ကား၏ ဇာတ်ကားအမည်နှင့် တူနေသော ကြောင့် ပရိသတ်များက ဝေဖန်မှုများ ရှိသည့်အပေါ် ဒါရိုက်တာ မောင်မျိုးမင်းက ‘‘Two Weeks Notice ထဲက ပလော့အကြောင်း အရာတစ်ခုခုတူနေရင် လမ်းမှာဆဲသွားနိုင်တယ်။ တံတွေးနဲ့ ထွေးသွားနိုင်တယ်။ တကယ်လို့ တစ်လုံးတလေမှ မတူရင် သိက္ခာရှိစွာနဲ့ သူတို့မှားယွင်းတဲ့အကြောင်း ၀န်ခံရဲတဲ့ သတ္တိရှိရမယ်’’ဟု ပြောသည်။

ထို့ပြင် ယင်းဇာတ်ကားနှင့် ပတ်သက်၍ ဝေဖန်ထားသည့် ရေးသားချက်များကိုလည်း Screen Shot ပြုလုပ်၍ ရုံတင် ချိန်တွင် ဗီနိုင်းထုတ် ချိတ်သွားရန် အစီအစဉ်ရှိသည်ဟုဆိုသည်။ ယင်းဇာတ်ကားရိုက်ကူးခဲ့ သည့် ၀တ္ထုကို ၂၀၀၈ တွင် အိုင်ဒီ ယာ မဂ္ဂဇင်း၌ အခန်းဆက်ဝတ္ထု ရှည်အနေဖြင့် ဖော်ပြခဲ့ခြင်းဖြစ် ပြီး နှစ်ပတ်အလို ၀တ္ထုကိုပြီးခဲ့ သည့် ရက်ပိုင်းက ဖြန့်ချိပေးခဲ့ သည်။

No comments:

Post a Comment