Sunday, June 16, 2019

မြန်မာလိဂ်-၂ တွင် ချင်းအသင်း အမှတ်ပေးဇယားထိပ်ဆုံးရောက်လာ

 မြန်မာလိဂ်-၂ ပွဲစဉ် (၈) အပြီးတွင် အားကာသိပ္ပံနှင့် ချင်းအသင်းတို့ ရမှတ် ၁၇ မှတ်စီတူညီနေသော်လည်း ဂိုးကွာခြား ချက်သာသည့် ချင်းအသင်းက အမှတ်ပေးဇယားကို ဦးဆောင် ထားသည်။ ပွဲစဉ်(၇) အပြီးတွင် အမှတ်ပေးဇယားကို အားကာသိပ္ပံအ သင်းက ဦးဆောင်ထားသည်။ သို့သော် ပွဲစဉ်(၈)တွင်  အားကာသိပ္ပံအသင်းက ချင်းအသင်းကို ရှုံးနိမ့်သဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို လွှဲပြောင်း ပေးခဲ့ရသည်။ အားကာသိပ္ပံ အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ပထမဆုံး ရှုံးပွဲကြုံတွေ့ခြင်း ဖြစ်သည်။



ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်က  သက်ဆိုင်ရာ  ကွင်းများ၌ ယှဉ်ပြိုင်သည့် ၂၀၁၉ မြန်မာလိဂ် -၂ ပွဲစဉ် (၈)တွင် ချင်း၊ ရွိုင်ရယ် သန်လျင်နှင့် ကချင်အသင်းတို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရပြီး မြ၀တီနှင့် မောရ၀တီတို့ပွဲတွင် သရေရလဒ် ထွက်ပေါ်ခဲ့ သည်။

မြန်မာလိဂ်-၂ ဒုတိယအကျော့ အဖွင့်ပွဲ ပွဲစဉ်(၈)တွင် ချင်းအသင်းက အားကာသိပ္ပံကို ၃-၁ဂိုး၊ ရွိုင်ရယ်သန်လျင်က ငွေကြယ်ပွင့်အသင်းကို ၇-၂ ဂိုး၊ ကချင်အသင်းက တက္ကသိုလ်အသင်းကို ၂-၁ ဂိုး တို့ဖြင့်  အသီးသီးအနိုင်ရခဲ့သည်။ မြ၀တီနှင့် မောရ၀တီပွဲ တွင်  အကြိတ်အနယ်ရှိခဲ့သော်လည်း အနိုင်၊အရှုံး  အဖြေမပေါ်ဘဲ နှစ်ဂိုးစီ သရေကျခဲ့သည်။  လိဂ်-၂ ပွဲစဉ် (၉) ကို  ဇွန်လ၂၁ ရက်နှင့် ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်နှင့် အားကာသိပ္ပံ၊ ငွေကြယ် ပွင့်နှင့် မြ၀တီ၊ ကချင်အသင်းနှင့် ရွိုင်ရယ်သန်လျင်၊ မောရ၀တီနှင့် ချင်းအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment